အပိုင်း -၂ -
ကြည့်ရတာ ဒီညအတွက် ဝမ်ရိပေါ်လူကဲခတ်နည်းနည်းညံ့သွားပုံရတယ်။
တကယ်တမ်းလက်တွေ့ကျတော့ ဒီလူက လူလှသလောက်ကိုစိတ်ကတော်တော်မရှည်ဘူး။
ဒါပေမဲ့ ဝမ်ရိပေါ်ကိုယ်တိုင်ကလည်း မထိန်းနိုင်ဖြစ်သွားတယ်ဆိုတာကို ဝန်ခံပါတယ်၊ ဒီလူရဲ့အထိမခံနိုင်တဲ့နေရာတွေကိုပဲ ဆက်တိုက်ထိုးဆွရင်း Sean လို့ခေါ်တဲ့အမျိုးသားကို သူ့အောက်မှာတုန်ယင်နေတဲ့အထိဖိချထားခဲ့မိတယ်၊ မျက်ရည်တွေကြားက Sean က သိပ်ကိုလှလွန်းတယ်၊ ငိုနေတဲ့အလှလေးကိုမြင်လိုက်ရချိန်မှာတော့ ဝမ်ရိပေါ်နားလည်သွားတာက တစ်ခေါက်တည်းနဲ့တော့ သူဘယ်လိုမှမကျေနပ်နိုင်ဘူးဆိုတာပဲ။
ဒါပေမဲ့ ရှောင်းကျန့်ကတော့ တစ်ခါတည်းနဲ့တောင်ပွစိထသွားတဲ့အိပ်ခန်းကိုဝေ့ကြည့်ရင်း နောက်တစ်ခေါက်အတွက်ကို ယတိပြတ်ငြင်းနေတော့တယ်။
ရှောင်းကျန့်ခပ်မြန်မြန်ပဲ အခန်းသန့်ရှင်းရေးလုပ်ဖို့ ဟိုတယ် reception ကိုဖုန်းဆက်လိုက်တယ်၊ မဟုတ်ရင် ရှောင်းကျန့် ဒီအခန်းထဲမှာညအိပ်လို့ရမှာမဟုတ်ဘူး၊ အခုလက်ရှိတောင် ရှောင်းကျန့်ရဲ့ ခါးအနောက်ပိုင်းသာမက ခြေလက်နဲ့ပခုံးနေရာတွေပါမကျန် နာကျင်နေပြီမို့၊ မနက်ဖြန်အိပ်ရာထရင်ဆိုတဲ့အတွေးကို ရှောင်းကျန့်တွေးတောင်မတွေးရဲဘူး။
နောက်ပြီး မနက်ဖြန်လေယာဉ်အချိန်က ညနေ၄နာရီ၊ အင်ချွန်းလေဆိပ်ရောက်ဖို့ကလည်း ၁နာရီလောက်ကားစီးရအုန်းမှာ၊ ဒီကောင်လေးကြမ်းပုံမျိုးအတိုင်းနောက်တစ်ကြိမ်ထပ်လုပ်ရင် ရှောင်းကျန့် ဘယ်လိုမှခံနိုင်ရည်ရှိမှာမဟုတ်တော့ဘူး။
"သူတို့သန့်ရှင်းရေးလာလုပ်တာကို ခင်များကဒီအတိုင်းထိုင်ကြည့်နေမှာလား?"
အမှန်တော့ ဝမ်ရိပေါ်က သူများမလုပ်ချင်တာကိုအတင်းဖိအားမပေးတတ်တဲ့ easy going ပုံစံမျိုးပါ၊ ဒါပေမဲ့ ဟိုတယ် reception ကို ဖုန်းဆက်ပြောနေတဲ့ရှောင်းကျန့်ရဲ့ပုံစံလေးကိုကြည့်ပြီး စနောက်ချင်စိတ်ပေါ်လာတာတော့ သူကိုယ်တိုင်လည်း မထိန်းလိုက်မိတော့ဘူး။
![](https://img.wattpad.com/cover/309181742-288-k46037.jpg)
YOU ARE READING
Anonymous Planet [ 不具名行星 ] •ᴄᴏᴍᴘʟᴇᴛᴇᴅ•
Fanfic⚠️ Office Romance, Slice of life, BJYX, Yizhan 世界上每件事都能得偿所愿的人很少,我希望王一博和肖战可以。 - 王奕宁 - Dancer Bo x Director Xiao I do not own this story. Translated with permission. All rights reserved to the original author : Chiveshater Cover Illustration : NT...