7

7.9K 905 142
                                    

အပိုင်း - ၇ -

ဟာ.. ရှီးဘား!!!

ရှောင်းကျန့်ကေးကားပေါ်ပါသွားတာ ၂ရက်ဆက်တိုက်ရှိနေပြီ၊ ဒီမြင်ကွင်းကိုဘာမှလုပ်နိုင်ပဲရပ်ကြည့်နေရတော့ ဝမ်ရိပေါ်တစ်ယောက် ကောင်းကင်ကိုမော့ကြည့်လိုက်ပြီး ကင်ချီလိုအားရပါးရဆဲရေးလိုက်တော့တယ်။

ဝမ်ရိပေါ်ထင်ထားတာက ရှောင်းကျန့်က ဒီကိစ္စကိုလည်း ခါတိုင်းလိုပဲလူကြီးဆန်ဆန်ဖြေရှင်းလိမ့်မယ်၊ ဝမ်ရိပေါ်နဲ့စကားများထားတာကိုအလုပ်နဲ့မရောပဲ၊ ဒီအတိုင်းကျော်ချသွားလောက်တယ်ပေါ့၊ ဒါပေမဲ့ ဝမ်ရိပေါ်မေ့နေတာက ရှောင်းကျန့်ရဲ့လက်ထောက်က သူတစ်ယောက်တည်းမဟုတ်ဘူးဆိုတာပဲ။

ဝမ်ရိပေါ်ရှိမနေလည်း ရှောင်းကျန့်မှာဘာအခက်အခဲမှမရှိဘူး၊ ဝမ်ရိပေါ်ကို မမြင်ရတဲ့လေလိုသဘောထားပြီး ကောင်းကောင်းလျစ်လျူရှုပစ်လိုက်လို့ရတယ်၊ ဒါပေမဲ့ လေကတော့ ရှောင်းကျန့်သူ့ကိုရှူဖို့ အသည်းအသန်လိုလားနေတယ်၊ ဝမ်ရိပေါ်ခင်မျာရုံးမှာရှိနေရင်တောင် ရှောင်းကျန့်နဲ့မျက်လုံးချင်းဆုံခွင့်မရရှာဘူး။

စကားထိုးတာမျိုးတောင်မလုပ်ပဲ၊ ၃ရက်လောက်ပစ်ထားခံလိုက်ရတော့ ဝမ်ရိပေါ် တော်တော်လေးဘူပြီး ရှောင်းကျန့်ကိုစိတ်တွေပိုဆိုးလာတယ်၊ ဒီလူရဲ့ဇွဲနပဲကြီးတဲ့ပုံကမှ လုရိဖျင်နဲ့တကယ်တူနေတာ၊ ဝမ်ရိပေါ်ကိုစိတ်ဆတ်တယ်လို့သတ်မှတ်လိုက်တာကိုသူမငြင်းဘူး၊ ဒါပေမဲ့ ရှောင်းကျန်ရဲ့စကားတွေက ဝမ်ရိနင်နဲ့တစ်လေသံထဲဖြစ်နေတာကို ဝမ်ရိပေါ်ကလက်မခံချင်တာ၊ လက်မခံတာက၊ လက်မခံတာသပ်သပ်ပဲ၊ လူချင်းကတော့ ပြန်ပြေလည်ချင်နေတယ်။

ဝမ်ရိပေါ် ကေးကားအနောက်ကနေလိုက်သွားလိုက်တယ်၊ ရှောင်းကျန့်ဘယ်လောက်ပဲ သူ့ကိုပလစ်ပါစေ၊ သူကတော့အတင်းလိုက်ကပ်နေရအုန်းမှာပဲ၊ ရှောင်းကျန့်အပေါ်တက်သွားပြီး သိပ်မကြာခင်မှာပဲ ဝမ်ရိပေါ်ကိုအခန်းထဲကို ဇွတ်လိုက်ဝင်သွားတယ်၊ ဝမ်ရိပေါ်ကြည့်လိုက်တော့ ရှောင်းကျန့်ကသူ့ခုံမှာထိုင်ခါစ၊ ကေးက မနက်ခင်းကော်ဖီကိုချပေးပြီးပြန်ထွက်သွားခါစအချိန်။

Anonymous Planet [ 不具名行星 ] •ᴄᴏᴍᴘʟᴇᴛᴇᴅ•Where stories live. Discover now