" လူကြီးမင်း... ''
ကျန့်ဆိုတဲ့ခဲလုံးလေးက ဝမ်ရိပေါ်ရဲ့ရေပြင်နှလုံးသားကို လူကြီးမင်းဆိုတဲ့ ခေါ်သံချိုချိုလေးနဲ့ လှုပ်ခတ်စေပါရဲ့။
" အင်း ''
" ဒီ ကျောက်စိမ်းပြားလေးကို ဝယ်ပေးချင်တယ် ''
" အင်း ကိုယ်လည်းမင်းကို ထုံသင်းအိတ်လေးဝယ်ပေးမယ် ''
မျက်ဝန်းညိုလေးတွေက လူကြီးမင်းကို ပြုံးကြည့်နေပြီး နူတ်ခမ်းဖူးဖူးလေးသည်လည်း ရယ်မြူးသွားပါ၏။
" ကျေး..အာ..မဟုတ်ဘူး အင်း လို့ပြောရမယ်ထင်တယ် ''
" ကောင်လေးပြောတတ်သလိုပြောပါ ''
ယွဲ့ဟွိုင်မြို့တော်ရဲ့ ဈေးလမ်းလေးပေါ်မှာ လူသားနှစ်ယောက်ရဲ့ချစ်ခြင်းကို အကြည့်လေးတွေကနေအစပြုခဲ့စေ၏။
သို့သော်ငြား တစ်ဖက်သတ်ချစ်ခြင်းဟု ခေါင်းစဉ်တပ်ပါက ပို၍မှန်ကန်ပါလိမ့်မည်။
.
.နှစ်ယောက်သား ဈေးလမ်းတစ်လျှောက်မှာ မနှေးမမြန်လျှောက်သွားနေတာကို ကိုယ်ရံတော်လင်းက ခပ်လှမ်းလှမ်းက လိုက်ပါစောင့်ရှောက်လျက်ရှိသည်။
" လူကြီးမင်း ကျန့်ကျန့်တို့တွေ နောက်နေ့မှထပ်တွေ့ကြမယ်လေ ..''
" ကောင်လေးသဘောပါ.. ''
" အဲဒါဆို ရှင်းယွဲ့ရေကန်အနားမှာပဲ ဆုံကြမယ်.. အခုတော့ ကျန့်ကျန့်ပြန်ရတော့မယ်နော် လူကြီးမင်း နောက်မှတွေ့မယ် ''
အပြုံးလေးတွေနဲ့ နူတ်ဆက်နေသော ကောင်ငယ်လေးကို ကြည့်နေစဉ် အနားကို ထီးတစ်ချောင်းကိုင်ထားတဲ့ လူတစ်ယောက် ချဉ်းကပ်လာသည်အား ဝမ်ရိပေါ်က သတိထားမိသွားသည်။
" ပြန်ကြဖို့သင့်ပြီ သခင်လေး''
" ကောင်းပါပြီ ကိုယ်ရံတော်လင်း ...လူကြီးမင်း.. နူတ်ဆက်ပါတယ် ''
" အင်း ''
တော်ဝင်မင်းသားရှောင်းက အပြန်လမ်းမှာ လူကြီးမင်းအကြောင်းကိုစဉ်းစားနေမိသည်။
လူကြီးမင်းက စကားနည်းလိုက်တာ။
ငါအများကြီး ပြောနေပေမယ့် သူကတော့ အင်းတစ်လုံးသာဖြေပြီး ငြိမ်တယ်။
လူကြီးမင်းက စကားအများကြီးမပြောပုံထောက်ရင် အရမ်းလျှို့ဝှက်လွန်းတာများလား။
YOU ARE READING
无关: Irrelevant {Completed }
Historical FictionGong...王一博 Shou...肖战 一战。 ရှောင်းမျိုးရိုးကို ငါမုန်းတယ် ။ ငါသိပ်မုန်းတဲ့မျိုးရိုးထဲမှာ မင်းကမွေးဖွားလာတယ်။ ငါသိပ်မုန်းတဲ့ရှောင်းမျိုးရိုးထဲမှာ မွေးဖွားလာတဲ့ မင်းကို ဘာလို့များ ငါကမမုန်းနိုင်ဖြစ်နေရတာလဲ။ WangYiBo# ရှောင်းမျိုးရိုးကို ငါမုန်းတယ် ။ င...