15

2.8K 184 5
                                    

" လူကြီးမင်း... နိုးပြီလား ၊ လာ ကျန့်ကျန့်မနက်စာလုပ်ထားတယ် ''

" ကောင်းပြီ ''

ဝမ်ရိပေါ်ကကောင်လေးနဲ့မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်ပြီး တူတစ်စုံကိုကောက်ကိုင်လိုက်သည်။

ဖက်ထုပ်ပြုတ် နဲ့ ကြက်သွန်မြိတ်နံနံပင်ဟင်းရည်ပြီးတော့ ပူပူလောလောပေါက်စီငယ်တွေ။
ကြက်သားကိုဂျင်ဆင်းနဲ့ပေါင်းထားပုံရပြီး အသားတွေကဖွာကာ နူးအိနေသည်။

" ကောင်လေး ကျေးဇူးပါ ''

" အဲ့လိုပြောဖို့မလိုပါဘူး စားပါ ''

ကောင်လေးက လူကြီးမင်းရဲ့ ပန်းကန်လုံးထဲကို အသားဖပ်တွေထည့်ပေးလိုက်ပြီး ဟင်းရည်ကိုလည်းခပ်ပေးလိုက်သည်။

" လူကြီးမင်း ကြည့်ရတာ တစ်ခုခုပြောချင်နေတဲ့ပုံပဲ.. ဘာလဲဟင် ပြောလေ ''

ကောင်လေးက ထမင်းကိုတူနဲ့ညှပ်ပြီးစားလိုက်ရင်း လူကြီးမင်း၏ ပုံစံကို ကြည့်ပြီး မေးခွန်းစကားဆိုလာခြင်းဖြစ်သည်။

" ကောင်လေး...ကိုယ်.. ကိုယ့်အဖွဲ့က လူတွေနဲ့စကားပြောချင်တယ် ''

လူကြီးမင်းစကားကို နားထောင်ပြီး ကောင်လေးက မျက်နှာလေးပျက်ယွင်းကာ ထမင်းကိုသာငုံ့စားပြီးငြိမ်သက်သွားတော့သည်။

" ကိုယ် သူတို့နဲ့ သွားတွေ့အုန်းမယ် ကောင်လေး''

" လူကြီးမင်းက ပုန်ကန်ဖို့ ထပ်လုပ်မလို့လားဟင်''

ဝမ်ရိပေါ်ထပ်ပြောလိုက်တဲ့စကားအဆုံးမှာ ရှောင်းကျန့်က သိလိုစောထက်သန်သည် မျက်ဝန်းဝိုင်းလေးနဲ့ မေးလာခဲ့သည်။

" ကိုယ်ကမပုန်ကန်ပါဘူး ''

".....''

" ကိုယ့်ကို ယုံကြည်ပေးပါ.. ''

" လူကြီးမင်းသဘောပါ.. ကျန့်ကျန့်ကလူကြီးမင်းအတွက် ဒီအတိုင်းစိုးရိမ်မိသွားလို့ပါ ..ဘာပဲဖြစ်ဖြစ် လူကြီးမင်းရဲ့ သဘောပါ.. လူကြီးမင်းက ကျန့်ကျန့်ထက်ပိုပြီး သိပါတယ် ''

" ကိုယ့်ကိုယုံလိုက်ပါ ''

" အင်းပါ..ကျန့်ကျန့်က လူကြီးမင်းကို အကြွင်းမဲ့ယုံကြည်ပါတယ် ...''

无关: Irrelevant {Completed }Where stories live. Discover now