(Ending)

5.6K 247 4
                                    

" တော်ဝင်မင်းသားရှောင်း ''

ခေါ်သံက ရင်းနှီးနေတာမို့ ကောင်လေးက ဝတ်ပြုဆုတောင်းနေရင်းမှ လှည့်ကြည့်လာခဲ့သည်။

အံ့သြသလို ကြည့်နေသော တော်ဝင်မင်းသားရှောင်း ကို ခပ်မှိုင်းမှိုင်းမျက်ဝန်းတွေနဲ့ ကြည့်နေရုံသာ တတ်နိုင်၏ ။

" ကိုယ်ရံတော်လင်း ''

" ......''

အရှင့်သားက မျက်နှာလေးချောင်ကျနေကာ နူတ်ခမ်းတွေပင် ဖြူဖပ်နေသည်မို့ လင်းက ဂရုဏာသက်စွာ သက်ပြင်းလေးချလိုက်သည်။

" တော်ဝင်မင်းသား...မင်းကြီးတို့ အောင်ပွဲဆင်နိုင်ခဲ့ပါပြီ... အခု သူတို့ မြို့အဝင်တံခါးကို ဖြတ်လာနေပြီ ''

" တကယ်... ကိုယ်ရံတော်လင်း တကယ်ပြောတာလား ''

" တော်ဝင်မင်းသားကို ကျွန်တော်မညာရဲပါဘူး''

ကိုယ်ရံတော်လင်းက မျက်နှာမှာ အတည်ပြောနေတာမှန်း ပေါ်လွင်နေတာကြောင့် ကောင်ငယ်လေးက ကျန့်စန်းဘုံကျောင်းထဲကနေ ပြေးထွက်လာခဲ့သည် ။

လူကြီးမင်းတို့ပြန်လာပြီ။
ကိုကိုလည်းပြန်လာပြီ။
တိုက်ပွဲလည်း အောင်မြင်တယ်တဲ့။

ကောင်ငယ်လေး၏ နူတ်ခမ်းဖျော့ဖျော့လေးမှာ ပြုံးရိပ်လေးသန်းနေခဲ့သည်။

ဝတ်ရုံစကို မ,ကာ ပြေးထွက်လာပြီး လုံယွဲ့စံအိမ်ကို အရင်ပြန်လာခဲ့သည်။

သူ့၏ ဖျော့တော့ချိနဲ့နေသောပုံစံကို လူကြီးမင်းအား မမြင်စေချင်တာမို့ သူပြင်ဆင်ရဦးမည်။

ကိုယ်ရံတော်လင်းသည် စံအိမ်၏ ခန်းဆောင်ရှေ့မှာ ရပ်ကာ တော်ဝင်မင်းသားကို စောင့်နေမိသည်။

အချိန်အနည်းငယ်ကြာပြီးနောက် တံခါးနှစ်ချပ်ပွင့်သွားပြီး တော်ဝင်မင်းသားက လှပစွာဝတ်စားဆင်ယင်ပြီး ထွက်လာခဲ့သည် ။

" ကိုယ်ရံတော်လင်း ငါ ကြည့်လို့ကောင်းရဲ့လား''

" ကြည့်ကောင်းပါတယ် တော်ဝင်မင်းသား ''

" ဒါဆို သွားကြရအောင်... မြန်မြန်..လူကြီးမင်းက ငါ့ကို တွေ့ချင်နေတော့မှာ ''

无关: Irrelevant {Completed }Where stories live. Discover now