" လူကြီးမင်းက အရမ်းကြည့်ကောင်းတာပဲ''
" ကိုယ်မနေတတ်ဘူး.. ကောင်လေး အဲ့လိုမျိုး မချီးကျူးပါနဲ့လား ''
လူကြီးမင်းက နားရွက်ဖျားလေးတွေရဲနီကာ မျက်နှာလေးကို ရှောင်ဖယ်ရှောင်ဖယ်လုပ်ရင်း ရှက်ရွံ့စွာဆိုလာသည်မို့ ကောင်လေးက နှစ်ခြိုက်စွာ ပြုံးရယ်လိုက်သည်။
" လူကြီးမင်း... ကျန့်ကျန့်ရဲ့ ငါးကြင်းဆန်ပြုတ်လေး မြည်းကြည့်ပါလား ''
" ကောင်းပြီ ''
လူကြီးမင်းက စားပွဲပေါ်မှ စားဖွယ်တွေကို ကြည့်ပြီး ခုံတစ်ခုမှာ ဝင်ထိုင်လိုက်သည်။
" ကောင်လေးရော အတူစားမယ်မလား ''
" အဲ့လိုဆိုရင် လူကြီးမင်းအတွက် အဆင်ပြေပါ့မလား ''
" ပြေတာပေါ့.. ကိုယ်ကကောင်လေးကိုအားနာနေတာ.. ရွှေဘုံစံသခင်လေးကအခုလိုမျိုးချက်ပြုတ်ကျွေးနေတော့..''
" မဟုတ်တာ.. လူကြီးမင်းက အဲ့လိုမျိုးတွေ မပြောပါနဲ့ ကျန့်ကျန့်မနေတတ်တော့ဘူး..လာ အသားထည့်စား ''
ကောင်လေးက စကားကိုဖြတ်ပြောပြီး အသားတစ်ခုကိုထည့်ကာ ပြုံးပြလာပြီး စကားလွှဲ၏။
.........................
翻越梦边界
အိပ်မက်နယ်မြေကို ရုန်းထွက်လွတ်မြောက်နိုင်ပေမယ့်..受困你指尖
မင်းလက်ဖျားထဲကနေရုန်းထွက်ဖို့မတတ်နိုင်ခဲ့..用痴恋
အရူးအမူးစွဲလန်းခြင်းက回应惊鸿一瞥
ခဏလေးအတွင်းမှာပဲ ဖြစ်ပေါ်လာခဲ့..爱字劫
အချစ်ဆိုတာစွန့်လွှတ်ခြင်းလား...用尽一生爱字何解
ဘဝတစ်ခုလုံးစာ လောင်းကြေးထပ်ပြီး အချစ်ဆိုတဲ့ဝေါဟာရကိုဘယ်လို ဖွင့်ဆိုပြရမလဲ...用永远 写怎样的诗篇
ထာဝရဆိုတဲ့စကားကရော..ဘယ်လိုတေးကဗျာမျိုးကို ရေးဖွဲ့သီကုံးနိုင်မှာလဲ..多少火焰
မီးလျှံတွေအလျှံညီးညီးတောက်လောင်နေပါစေ在明明和灭灭
နောက်ဆုံးမှာ မီးလောင်စာကုန်ရင် သေချာပေါက် ငြိမ်းသက်သွားမှာပါပဲ...
YOU ARE READING
无关: Irrelevant {Completed }
Historical FictionGong...王一博 Shou...肖战 一战。 ရှောင်းမျိုးရိုးကို ငါမုန်းတယ် ။ ငါသိပ်မုန်းတဲ့မျိုးရိုးထဲမှာ မင်းကမွေးဖွားလာတယ်။ ငါသိပ်မုန်းတဲ့ရှောင်းမျိုးရိုးထဲမှာ မွေးဖွားလာတဲ့ မင်းကို ဘာလို့များ ငါကမမုန်းနိုင်ဖြစ်နေရတာလဲ။ WangYiBo# ရှောင်းမျိုးရိုးကို ငါမုန်းတယ် ။ င...