10

3.2K 233 0
                                    

မိုးစက်တွေသည် အာရုံဦးအချိန်မှာ စတင်ကျဆင်းလာခဲ့သည်။

စာအုပ်တစ်ချို့ကို စိတ်မပါသော အကြည့်တွေနဲ့ ဖတ်ရှု့နေသော ရှောင်းအိမ်ရှေ့စံသည်လည်း အိပ်မပျော်နိုင်ခဲ့တာကြောင့် လက်ဖက်ရည်အိုးကိုအဖော်ပြုရင်း ပြန်မလာနိုင်ကြောင်း မှာကြားလိုက်သည့် ချစ်ရသော ကျန့်အာကို အရူးလိုစောင့်နေပါ၏။

.................

လုံယွဲ့စံအိမ်

" ...အင်း....''

အအိပ်ဆက်သည့် ကျန့်သည် ညည်းတွားသလို အသံတစ်ခုကြောင့် နိုးထလာခဲ့ပြီး ကုတင်ဆီကို တောက်ပသည့်အကြည့်နဲ့ကြည့်လိုက်မိသည်။

" လူကြီးမင်း.. နိုးလာပြီလား ကောင်းလိုက်တာ... ကျန့်ကျန့်က စိတ်ပူနေတာ ''

ဝမ်ရိပေါ်က တက်ကြွစွာ ပြောလာသည့် လူသားလေးကို အပြုံးလေးနဲ့ ကြည့်လိုက်ပြီး ခေါင်းလေးညိတ်ပြသည်။

" ကိုယ်ထိုင်ချင်တယ်..''

" ကျန့်ကျန့်ကူညီပေးမယ် ''

ဝမ်ရိပေါ်က ကောင်လေး၏အကူအညီနဲ့ ကုတင်ခေါင်းရင်းကို မှီကာထိုင်နိုင်သွားခဲ့ပြီး တစ်ခုခုမေးချင်သလိုဖြစ်နေခဲ့သည့် သူနူတ်က စကားတစ်ခွန်းပြောဖို့အရမ်းအားနည်းနေပြန်သည်။

" ကျန့်ကျန့် ရေယူပေးမယ် ခဏလေးစောင့်နော်..စွပ်ပြုတ်ရောယူလာပေးမယ် ''

".....''

ဝမ်ရိပေါ်ဟာ ဖြူဖျော့နေတဲ့ နူတ်ခမ်းလွှာလေးပွင့်ဟလျက် ကောင်လေးရဲ့အပြုအမူအပြောအဆိုတွေကိုပဲ တစိုက်မတ်မတ်ငေးမောကြည့်နေခဲ့သည်။

တရေးနိုးထကြည့်တာတောင်လှတဲ့အလှက ကောင်လေးကိုရည်ညွန်းတာများလား။
ဘာမျက်နှာချေဆိုးဆေး အဆင်တန်ဆာတွေ တစ်ခုမှ မပါတဲ့ မျက်နှနုနုလေးက ကြည့်လေ မြတ်နိုးဖွယ်ကောင်းပြီး နှစ်သက်စိတ်တွေတိုးလာစေ၏။

" လာ..ရေအရင်သောက်လိုက်နော်..စွပ်ပြုတ်လေးကပူနေတုန်းပဲ.. ''

ကောင်လေးက ထိုသို့ပြောပြီး ဝမ်ရိပေါ်ကို ရေတိုက်ကာ နဖူးထက်က ချွေးစေးတွေကိုလည်း လက်ဖနောင့်ကနေကျနေသည့်ပိုးသားဝတ်ရုံစလေးနဲ့ နူညံ့စွာ သုတ်ပေးသည်။

无关: Irrelevant {Completed }Where stories live. Discover now