unicode
အခန်း(၅၆) - ကြယ်အရည်အသွေး
ဓါတ်လှေကားမှ ဆင်းလိုက်သည်နှင့် စုယန်ယန်သည် သာယာငြိမ့်ညောင်းသော တေးဆိုသံကို ကြားလိုက်ရသည်။ သူမသည် သီချင်းသံကြားရာဖက်သို့ ဦးတည်လျှောက်လာရင်း လေ့ကျင့်ခန်းထဲတွင် လှပနုပျိုသော မိန်းမငယ်လေး တစ်ဒါဇင်လောက်ကို တွေ့လိုက်ရသည်။
အသက်လေးဆယ်ကျော်အရွယ် ဆရာမတစ်ဦးသည် စန္ဒရားရှေ့တွင် ထိုင်နေသည်။ တစ်ခါတစ်ရံတွင် တေးသီချင်းတစ်ပုဒ်ကို ဆိုပြရင်း၊ တစ်ခါတစ်ရံတွင် သူမက ခဏလောက်ရပ်ကာ မိန်းကလေးများကို စကားပြောလေ့ရှိသည်။ ကြည့်ရတာ သူမသည် ဒီအနာဂတ်ရဲ့ အမျိုးသမီး အနုပညာရှင်လေးများကို သီချင်းဆိုနည်း သင်ပြနေပုံပါပဲ။
ဆရာမရဲ့ ထက်မြက်သော သင်ကြားပေးမှုကို ရင်ဆိုင်ရသောအခါတွင် သင်တန်းသူများ၏ တုံ့ပြန်မှုများမှာ မတူညီ ကွဲပြားကြသည်။ အချို့က ပျင်းရိနေပြီး၊ အချို့က လေးလေးနက်နက် အာရုံစူးစိုက်ပြီး၊ အချို့က တက်ကြွကာ အချို့ကတော့ အလွယ်တကူ ပင်ပန်းနွမ်းနယ်နေကြသည်။
“ဟိုနားက အဝါရောင်လေးနဲ့ အပြာရောင်လေး ဝတ်ထားတဲ့ မိန်းကလေးနှစ်ယောက်ရဲ့ နာမည်က ဘာလဲဟင်”
ရှားကျွင်းရှန့်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ သူက သိပ်မလှမ်းမကမ်းမှာ ရပ်နေတဲ့ အကူဝန်ထမ်းတစ်ဦးကို တွေ့လိုက်ရသဖြင့် ထိုလူကိုလှမ်းခေါ်ရန် လက်ပြလိုက်သည်။
သူက စုယန်ယန်မေးတဲ့ မိန်းကလေးနှစ်ယောက်ကို ညွှန်ပြကာ “မင်း အဲ့မိန်းကလေးနှစ်ယောက်ကို သိလား” လို့ စုံစမ်းမေးမြန်းလိုက်သည်။
“ကျွန်တော် သူတို့ကို သိပါတယ်။ အဝါရောင် ဝတ်ထားတဲ့ မိန်းကလေးက ကျန့်ချိုးယင်း၊ အပြာရောင် ဝတ်ထားတဲ့ မိန်းကလေးက ဟွမ်းကျစ်ထုံလို့ခေါ်ပါတယ်။ သူတို့နှစ်ယောက်စလုံးက ကျွန်တော်တို့ကုမ္ပဏီက မကြာခင် ပွဲဦးထုတ်ပေးမယ့် သင်တန်းသူတွေပါ။”
“ဒီသင်တန်းသူတွေက မကြာခင် ပွဲဦးထွက်တော့မှာလား” စုယန်ယန်က မျက်ခုံးပင့်လိုက်သည်။ “သူတို့ သိပ်မကြာခင်က ရသစုံ ရသစုံ အစီအစဥ်မှာ ပါခဲ့သေးလား”
YOU ARE READING
အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေး (၁)
Romanceစာရေးသူ - Mu Kong ဘာသာပြန်ဆိုသူ - No Noe (Miracle_Phyu97) စာမိတ်ဆက် စုယန်ယန်သည် သူမကွယ်လွန်သွားပြီးမှသာ သူမဟာ မယ်ရီဆူးဇာတ်လမ်းတွင် ဓားစာခံဖြစ်လာသည့် အန္တရာယ်ရှိသော အမြောက်စာ အမျိုးသမီးဇာတ်ကောင် တစ်ဦးဖြစ်ကြောင်း သိရှိလာခဲ့ရသည်။ မမျှော်လင့်ပဲ သူမ ပြန်...