Chapter 3

2 0 0
                                    

သူလေးရဲ့ပေးဆပ်မှု

အဲ့နေ့က ကျွန်တော့်ကမ္ဘာကြီးတစ်ခုလုံး အမှောင်ကျသွားသလိုပဲ။ သူ့ကို ရင်ခွင်ထဲမှာ ထည့်ထားပြီး သူ့မျက်နှာလေးကိုပဲ ကြည့်နေမိတော့တာ။ ပါးပြင်မှာလည်း မျက်ရည်တစ်စက်စီ ဖြည်းဖြည်းချင်း လှိမ့်ဆင်းနေခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်မျက်ရည်တွေကို ပြန်မသုတ်ပဲနဲ့လှိမ့်ဆင်းခွင့်ပေးထားလိုက်တယ်။ အချိန်ဘယ်လောက်ကြာတဲ့အထိ ကျွန်တော်ငူငူကြီးထိုင်နေမိမှန်းမသိတော့ဘူး။ နောက်တော့ လူတစ်ယောက်ရောက်လာပြီး အလောင်း လာသယ်တော့မှပဲ မပေးချင်ပေးချင်နဲ့ ပေးလိုက်ရတယ်။

ကျွန်တော် သူ့ရုံးခန်းထဲမှာ ထိုင်နေတဲ့အချိန်‌ ရှေ့နေဦးထူး ရောက်လာပြီး ကျွန်တော့်ကိုစာရွက်စာတမ်းတွေနဲ့ သူလေးရဲ့သေတမ်းစာကိုလာပေးတယ်။ သူ့ရဲ့သေတမ်းစာကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်တော်အရုပ်ကြိုးပျက်လဲကျမတတ်ပါပဲ။ ဦးထူးကတောင် ကျွန်တော့်ကို လာထိန်းပေးရတဲ့အထိ။

ကျွန်တော့်ကို သူ့ပိုင်ဆိုင်မှုတွေ အကုန်ပေးသွားတယ်လို့ ရေးထားတယ်။ သေချာ တရားဝင် လွှဲ‌အပ်ပေးဖို့ပါပြောသွားပြီးတော့ ကျွန်တော့်အတွက် စာတစ်စောင်ပါ ချန်ထားပေးခဲ့တယ်။ စာကိုဖတ်လိုက်တဲ့အချိန် ကျွန်တော့်ရဲ့ ကွဲနေပြီးတဲ့နှလုံးသား ပိုပြီးကွဲကြေသွားသလိုပါပဲ။

ဦးထူးက ကျွန်တော့်ကို သူပျောက်သွားစဉ်က အကြောင်းအရာတွေပြောပြတယ်။ "ငြိမ်းမေလေးက သနားစရာပါ သူ့အမေသေသွားတဲ့အခါ သူက ဒီမာဖီးယားဂိုဏ်းထဲကို ရောင်းစားခံလိုက်ရတယ် အစတုန်းက သူ့ကိုပြည့်တန်စာလုပ်ငန်းအတွက် မွေးထားတာ ဒါပေမဲ့ သူ့ရဲ့အလုပ်လုပ်ရာမှာ စေ့စပ်မှုတွေကို သဘောကျပြီးတော့ မာဖီးယားခေါင်းဆောင်က နောက်ဂိုဏ်းခေါင်းဆောင်လုပ်ဖို့ သေချာလေ့ကျင့်ပေးခဲ့တယ် ငါကဖြစ်ရဲ့လားလို့ ငြိမ်း‌မေလေးကို မေးတော့ သူကဖြစ်တယ် ကိစ္စမရှိဘူးတဲ့ သူဒါမလုပ်ရင် ဘယ်လိုအသက်ရှင်ရမှာလဲလို့ သူကပြောတယ် ငါလည်းဘာပြောရတော့မှာလဲ အကယ်လို့ သူကမလုပ်ဘူးလို့ ငြင်းခဲ့ရင် ငါလည် းသူ့ကိုမရရအောင် ကယ်ထုတ်မယ်လို့စဉ်းစားခဲ့တာ သူကိုယ်တိုင်က လက်ခံတော့ ငါဘာလုပ်ရမှာလဲ ဆယ်နှစ်လောက်ကြာတော့ အဲ့ကောင်မလေး ခေါင်းဆောင်ဖြစ်လာတယ် မင်းနဲ့ပြန်မတွေ့ခင်တုန်းက သူကသိပ်ရက်စက်တာ မင်းမြင်ခဲ့ရတာထက် အဆများစွာပိုတယ် မင်းဒီ‌ရောက်လာပြီး တစ်နှစ်‌ကျော်အကြာ သူငါ့ကိုပြောလာတယ် 'ဒီဂိုဏ်းကိုဖျက်သိမ်းပြီး ကုမ္ပဏီကိုပဲ ထိန်းသိမ်းချင်တယ်' တဲ့ ငါတို့နှစ်ယောက် သူပြောတဲ့အတိုင်းလုပ်‌ဖို့ ကြိုးစားကြတယ် ဂိုဏ်းကသူတွေကို ဒီအကြောင်းကြေငြာတော့ သဘောမတူတဲ့သူတွေကဖျက်သိမ်းရတဲ့ အကြောင်းက မင်းကြောင့်မှန်း သတိထားမိတော့ မကျေနပ်တဲ့သူတွေက မင်းသေမှ အေးမယ်ဆိုပြီးသတ်ဖို့ ကြိုးစားတာပဲ နောက်ဟာတွေကတော့ မင်းလည်းတွေ့တဲ့အတိုင်းပါပဲ"

Her Smile (Unicode Version)Where stories live. Discover now