3

49 4 0
                                    

နွေအလွန်မှ အချိန်မှားပွင့်မိတဲ့
ပိတောက်တွေလို။
အချိန်လွန်ခရီးလေး ပြေးခဲ့ရ။

မေလရဲ့ မြက်ရိုင်းရုံကြီးကို
ဘယ်သူရှင်းပါ့။
ငါ့စိတ်တွေကိုဘယ်သူရှင်းပါ့။

ရောင်နီမလာခင် အပြေးကောက်လိုက်ရတဲ့
ကမ်းနားဘေးက ခရုအခွံတွေမှာ
ထုတ်မပြရဲတဲ့ မေတ္တာတွေထည့်ပြီး
ကြိုးလေးသီမလို့ပေါ့။
မေတ္တာကြိုးကလေးပေါ့ကွယ်။
အချစ်ရယ် မင်းအတွက်သာဖြစ်ခဲ့တယ်။

Grace's DiaryWhere stories live. Discover now