14

46 3 0
                                    

မချစ်သင့်တော့မှန်းသိပါတယ်
မင်းနာမည်လေးတွေးမိရုံနဲ့
ရင်ခုန်နှုန်းတွေမြန်နေတုန်းပဲ။

တစ်လှမ်းချင်းနီးလာတဲ့ ခရီး
မဟာမြတ်မုနိက ခိုတွေနဲ့
မင်းရောက်နေကျ ညနေခင်းစာအုပ်ဆိုင်။

အမြန်လမ်းပေါ်က စာတစ်စောင်ကို
ခိုတစ်ကောင်နဲ့ပါးလိုက်သင့်လား
စက္ကူယာဉ်လေးခေါက်လွှတ်သင့်လား
ဘယ်လိုသွားသွားမရောက်မယ့်ခရီးလေ
အဲ့ဒီစာက၂၄မိုင်မှာပျက်ကျလိမ့်မယ်တဲ့။

တိမ်ပန်းချီကို ဆည်းဆာအရောင်လေးခြယ်ပါကွယ်
အမှတ်တမဲ့သူမော့ကြည့်တဲ့အခါ ပြုံးသွားမှဖြစ်မယ်။


Grace's DiaryWhere stories live. Discover now