လေကလေးများဝှေ့လိုက်ရင်
အရှေ့အရပ်က ကျွန်းပွင့်လေး
တစ်စစီ ကြွေကျသွားမှာပေါ့။
ဒီရက်တွေမှာ
အတိတ်တွေဆီ
ပြန်ခိုချင်စိတ်က ခက်နေတာ။အချစ်ဦးပုံပြင် ကိုနားထောင်လိုက်တိုင်း
အရင်လိုပဲနော်
ခံစားမိလား။
တစ်ယောက်ယောက်ကို အလျင်မမှီလိုက်မှာနဲ့
ပင်ပန်းတဲ့အခါ
ပြန်စရာအိမ်မရှိတော့မှာကိုပဲကြောက်နေတာ။အေးချမ်းနေတဲ့စိတ်တွေကို
လိုက်ဖျက်စီးနေတဲ့ ယုန်တွေရှိနေပြီလို့
ရို့စ်ကပြောတယ်။
လောကဓံကိုလည်း သိပ်မကြောက်တော့ပါဘူး။
မိုးကုတ်စက်ဝိုင်းနဲ့အနီးဆုံးမှာ
ကြယ်လေးသွားဖြစ်ဖို့
မေမေ့ပန်းခြံထဲက ယုဇနပန်းလေးဖြစ်ဖို့
ဖေဖေအကြိုက်ဆုံးလို့ပြောတဲ့
သီချင်းလေးဖြစ်ဖို့
အဲ့ဒီအမျိုးသားရဲ့ ဂစ်တာလေးဖြစ်ဖို့
ငါ့ဝိဉာဉ်တွေကို အစိပ်စိပ်ပိုင်းလိုက်တော့မလို့။
YOU ARE READING
Grace's Diary