Recommend song [ Sufjan Stevens - Mystery of Love]
-
ဂျယ်ယွန်းဟာ သူတို့အိမ်ဘေးက ကွပ်ပျစ်ပေါ်မှာလှဲလို့နေတယ် ။ လက်ထဲမှာတော့ မပြီးမဆုံးနိုင်သေးတဲ့ ကာတွန်းစာအုပ်တစ်အုပ်ကိုကိုင်လျက်သားနဲ့ ။ စောနကပဲ သူ့အမေလာချပေးထားတဲ့ ပြောင်လက်လက်စတီးဗန်းထဲက ဖရဲသီးတစ်စိတ်ကိုစားရင်းနဲ့ ပါလာတဲ့အစေ့တွေကို မြေကြီးပေါ်ထွေးထွေးထုတ်ပြီး လောကစည်းစိမ်ကိုခံစားလို့နေတယ် ။
သစ်ပင်စိုက်ရတာဝါသနာပါတဲ့ လူနှစ်ယောက်ဆုံပြီးလက်ထပ်ဖြစ်ထားတာမို့ သူတို့အိမ်ဟာသစ်ရိပ်ဝါးရိပ်ပြည့်လို့နေတယ် ။ ခြံတစ်ခုလုံးအပြည့်ဖြစ်နေတဲ့ ဝါးပင်တွေဟာ ပင်လယ်ဘက်ကလေတိုက်လိုက်တိုင်း ယိမ်းနွဲ့လို့ တိုးတိုးဖျဖျလေသံလေးနဲ့ အချင်းချင်းစကားပြောနေကြတယ် ။
ယိမ်းခါသွားတဲ့သစ်ရွက်လေးတွေနဲ့ နေရာလပ်လေးတွေကနေ နေရောင်ဖျောက်ဖျောက်လေးတွေဟာ ဂျယ်ယွန်းရဲ့မျက်နှာပေါ်မှာဆင်းသက်လို့နေရာယူတယ် ။
အူဆန်ကနွေရာသီဟာ ပြင်းပြင်းပြပြပူလောင်ပေမယ့် ဒီဝါးရိပ်တွေကြောင့်လည်း နေသာထိုင်သာရှိနေတာအမှန်ပဲ ။ ဖရဲသီးကိုတစ်စိတ်ကိုက်လိုက်တိုင်း အရည်ရွှမ်းနေတဲ့နေရာကနေ နီနီရဲရဲအရည်စီးကြောင်းတွေက ကျလာပြီး ဂျယ်ယွန်းရဲ့လက်ချောင်းတွေကြားထဲရောက်သွားတယ် ။
စွပ်ကျယ်အဖြူလေးကို အပြာရောင်ကမ်းခြေဘောင်းဘီနဲ့တွဲဝတ်ထားပြီးတော့ ခြေထောက်တစ်ဖက်ကို ကွပ်ပျစ်ပေါ်ကနေချထားပြီး အရှေ့အနောက်ယမ်းနေတယ် ။ အသက်နှစ်ဆယ်ကျော်ပေမယ့် သူ့ဘဝက ဖြောင့်ဖြောင့်ဖြူးဖြူးတိုက်နေတဲ့လေလိုပဲ အေးအေးချမ်းချမ်းလေးနဲ့ ၊ နေသားတကျလေး ။
သူ့လက်ထဲကစာအုပ်ကိုဘေးချလိုက်ပြီး တဝါးဝါးနဲ့သမ်းလို့ အကြောအချင်ဆန့်လိုက်တယ် ။ လက်မှာပတ်ထားတဲ့ အဖြူရောင်နာရီလေးကိုကြည့်လိုက်တော့ နေ့လည် ၃ နာရီထိုးပြီး ၁၅မိနစ်ရောက်ဖို့ ၃ မိနစ်ပဲလိုတော့တယ် ။
" လာတော့မယ် လာတော့မယ် "
နောက်ဆုံးကျန်တဲ့ဖရဲသီးစိတ်ကိုခပ်သွက်သွက်နဲ့စားလိုက်တာမို့ ဖရဲသီးအရည်တွေက ဖြူဖွေးနေတဲ့စွပ်ကျယ်ပေါ်မှာပေစွန်းကုန်တယ် ။ ဒါပေမယ့်အဲ့တာကို သူဂရုမစိုက်အားဘူး ။
YOU ARE READING
𝘸𝘢𝘵𝘦𝘳𝘮𝘦𝘭𝘰𝘯 𝘴𝘶𝘨𝘢𝘳 | 𝘫𝘢𝘬𝘦𝘩𝘰𝘰𝘯 ✅
Fanfictionone summer and that one eternity love start - 14 / June / 2022 end - 3 / July / 2022