Recommend song [ Davichi - This Love ]
-
ငါကဒီလိုလူမျိုးပါပဲ တစ်ပတ်ပြည့်အောင်လည်ဖို့ကြိုးစားနေတဲ့ကမ္ဘာကြီးပေါ်မှာ ဖြတ်သွားရင်းနဲ့နှစ်ကြိမ်မြောက်တိုက်မိတဲ့ ပုခုံးစွန်းကို သတ္တိမွေးလို့ ခပ်ယဲ့ယဲ့လေးလှည့်ကြည့်ခဲ့တဲ့လူမျိုးပါပဲ
ငါကဒီလိုလူမျိုးပါပဲ ငါဖတ်ဖူးတဲ့ ဝတ္ထုတွေထဲကလိုမျိုး အချစ်ကို ရှေ့တန်းတင်ဖို့အတွက်ကို မွေးထုတ်စရာသတ္တိတွေအကုန် ပျောက်ဆုံးနေခဲ့တဲ့ ငကြောက်လိုလူမျိုးပါပဲ
ငါက ဒီလိုလူမျိုးပါပဲ .. ပျော်ရွှင်နေကြောင်းဟန်ဆောင်ရင်းနဲ့ အတင်းလုပ်ယူထားရတဲ့ ငါ့အပြုံးတွေကိုပဲ လေပြည်တွေနဲ့အတူ ပါဆယ်ထည့်ပေးလိုက်မယ့်လူမျိုးပါပဲ
ငါကဒီလိုလူမျိုးပါပဲ
ငါကအဲ့လိုလူမျိုးပါပဲ ဂျယ်ယွန်းရယ် ..-
ဘန်ဂျမင့်ဘဝက ဘယ်အချိန်တည်းက ဒီပုံစံဖြစ်နေသလဲဆိုတာ သူကိုယ်တိုင်တောင်မသိခဲ့ ။သတိထားမိသလောက်ပြောရရင်တော့ ဘန်ဂျမင်ဟာအမြဲမိဘဆန္ဒကိုအလိုလိုက်အကြိုက်ဆောင်ပေးတဲ့ သားလိမ်မာလေးတစ်ယောက်ပဲဖြစ်ခဲ့တာများပါတယ် ။
သားသမီးနှစ်ယောက်ရှိတဲ့အထဲမှာ အကြီးဆုံးဖြစ်တဲ့ဘန်ဂျမင်က ထင်သလောက်တော့အချစ်မခံခဲ့ရဘူး ။ ပထမဆုံးမွေးလာတဲ့ဘန်ဂျမင်က ရှင်းရှင်းပြောရရင် အဖေ့ရဲ့သားအရင်းမဟုတ်ခဲ့တာကြောင့်ပဲနေပါမယ် ။ သူငယ်ချင်းရဲ့ကိုယ်ဝန်ကိုလွယ်ထားရတဲ့ ချစ်ရတဲ့အမျိုးသမီးကို ဘဝနဲ့ရင်းလို့စောင့်ရှောက်ပါမယ်လို့ပြောပြီးလက်ထပ်ခဲ့ပေမယ့် သူ့သွေးသားအရင်းလောက်တော့ ဘန်ဂျမင်ဟာမေတ္တာမရခဲ့ပါဘူး ။
သူမှတ်မိသလောက် ပြောရရင် သူတို့မိသားစုဓာတ်ပုံအယ်ဘမ်ထဲကပုံတွေကိုကြည့်မိရင်ကို သိသာလွန်းတယ် ။ ဘန်ဂျမင့်အသက် ခြောက်နှစ်အထိ သူတို့သားအဖသုံးယောက်ရဲ့ပုံတွေပြည့်နေခဲ့သလောက် ညီမလေးမွေးလာပြီးချိန်မှာတော့ ဘန်ဂျမင်ဟာ ဘယ်အရိပ်ထဲ ၊ ဘယ်ချောင်ထဲရောက်လို့ရောက်သွားမှန်းတောင်မသိတဲ့ ပုစဉ်းရင်ကွဲတစ်ကောင်နှယ် ။
YOU ARE READING
𝘸𝘢𝘵𝘦𝘳𝘮𝘦𝘭𝘰𝘯 𝘴𝘶𝘨𝘢𝘳 | 𝘫𝘢𝘬𝘦𝘩𝘰𝘰𝘯 ✅
Fanfictionone summer and that one eternity love start - 14 / June / 2022 end - 3 / July / 2022