- ၆

419 81 27
                                    

Recommend song [ Conan Gray - Astronomy ]

-

ကမ္ဘာမြေပြင်ပေါ်ကနေကြည့်ရင် နီးကပ်နေသယောင်ထင်ရတဲ့ကြယ်တွေဟာ သူတို့‌အရပ်မှာတော့ ကီလိုမီတာသောင်းပေါင်းများစွာကွာဝေးတယ်တဲ့ ။ အဲ့လိုပါပဲ နီးမလိုနဲ့ဝေးနေတာတွေ ၊ ဝေးမလိုနဲ့နီးနေတာတွေ ။

ဒီကံကြမ္မာတွေကို ‌ခေါင်းစဉ်တပ်ရမယ်ဆိုရင်တော့ နည်းနည်းနာကျင်စရာကောင်းတယ် ။ အဆုံးသတ်သိနေရက်နဲ့ ဆက်လျှောက်နေတဲ့ သူနဲ့ဘန်ဂျမင့်ရဲ့လမ်းတွေက ပန်းခင်းလမ်းတော့ဖြစ်မနေတာ ကျိန်းသေနေတာပဲ ။

အသက်ရှင်နေတဲ့ကာလတွေမှာတော့ ဒီချစ်မြတ်နိုးနေတဲ့စိတ်လေးကိုရင်ခွင်ပိုက်ပြီးဂျယ်ယွန်းက နေသွားချင်မိတယ် ။ ချစ်မိတာက အပြစ်မှမဟုတ်ပဲနော် ။ ချစ်မိသွားတာက အပြစ်မှမဟုတ်ပဲဟာ ။ ဒါပေမယ့်လည်း နာကျင်နေရမယ်ဆိုတာကို ‌ကြိုတွေးမိတော့ မရေရာတဲ့အနာဂတ်တွေကချောက်ချားစရာဖြစ်လာတယ် ။

ဘန်ဂျမင်နဲ့ပတ်သက်တဲ့ အနာဂတ်ဟာ မှောင်မိုက်နေမလား ။ နေတစ်စင်းရဲ့အကူအညီနဲ့ပဲ လင်းလက်နေမလားဆိုတာ ကာယကံရှင်ဖြစ်တဲ့ဂျယ်ယွန်းကိုယ်‌တိုင်တောင်နားမလည်ပါဘူး ။

ကျူးလစ်အဖြူရောင်တွေဟာ ဘယ်လိုခံစားချက်မျိုးကိုပေးစွမ်းလိုက်သလဲမသိပေမယ့် နေဝင်သည်ထိတိုင်အောင် အဲ့ဒီ့နေရာမှာပဲထိုင်ပြီး ရောက်တတ်ရာရာငေးနေဖြစ်တာကတော့ ထူးဆန်းတယ်ပြောရမယ် ။ ဘန်ဂျမင်ကလည်း ဘာစကားမှပြောမလာခဲ့သလို ဂျယ်ယွန်းကလည်းထုတ်ပြောစရာစကားမရှိဘူး ။

ဘယ်အချိန်ပြန်ကြမယ်ဆိုပြီးလည်း ပြောမလာသလို ၊ ဘယ်တော့ပြန်ကြမလဲဆိုပြီးလည်း မေးမလာဘူး ။ လေနှင်ရာလိုက်နေတဲ့စိတ်တွေနဲ့ ၊ သူနှင်ရာလိုက်နေရမယ့် အချစ်တွေ ။

ညနက်လာတာနဲ့အမျှ ပိုကြမ်းလာတဲ့လေတွေက ပင်လယ်ပြင်နဲ့ဝေးနေတာတောင် ပင်လယ်နံ့က နှာခေါင်းထဲလာရိုက်ခတ်လို့နေတယ် ။ ဂျယ်ယွန်းက ဘန်ဂျမင့်ကိုကြည့်လိုက်တော့‌ ဘေးတိုက်မြင်နေရတဲ့နှာတံဖြောင့်စင်းစင်းလေးက မြေပြင်ညီအတိုင်းရှိနေတဲ့ ‌ရေပြင်တွေလိုလို ။ နှာတံရိုးဘေးက မှဲ့နက်လေးက အဲ့ရေပြင်ပေါ်မှာရှိနေတဲ့ တစ်ခုတည်းသောသက်ကယ်လှေလေးလို ။ အဲ့သက်ကယ်လှေလေးကလည်း ရေနစ်နေတဲ့ဂျယ်ယွန်းကို ကယ်တင်နိုင်မယ့်တစ်ခုတည်းသော အသက်ကယ်ရေယာဉ်လေးဆိုလည်းမမှားဘူး ။

𝘸𝘢𝘵𝘦𝘳𝘮𝘦𝘭𝘰𝘯 𝘴𝘶𝘨𝘢𝘳 | 𝘫𝘢𝘬𝘦𝘩𝘰𝘰𝘯 ✅Where stories live. Discover now