Recommend song [ Joji - Glimpse of us ]
-
မနက်ခင်းပြတင်းပေါက်ကနေဝင်လာတဲ့အလင်းရောင်ဟာ နံရံပေါ်ကျရာကနေတဆင့်ဂျယ်ယွန်းဆီအလင်းပြန်လာတယ် ။ မျက်စိစူးနေတာမို့ တစ်ဖက်ကိုလှည့်ပြီး စောင်ကိုမျက်နှာထိလုံအောင်ဆွဲခြုံလိုက်တယ် ။ လက်တစ်ဖက်နဲ့ဘေးကိုလိုက်စမ်းကြည့်ကြည့်တယ် ။
အနွေးဓာတ်ကိုရှာလို့မတွေ့ပါ ။
ဂျယ်ယွန်းဟာ အိပ်နေရာကနေဆတ်ခနဲထထိုင်လိုက်ပြီးဝေဝါးနေတဲ့သူ့မျက်လုံးတွေကိုလက်ခုံနဲ့ခပ်ကြမ်းကြမ်းပွတ်ရင်း တစ်ခန်းလုံးကိုလိုက်ကြည့်တယ် ။ ယိုယွင်းနေတဲ့ သူ့ဘေးကနေရာလွတ်တစ်ခု ။ မနေ့ညက တစ်ယောက်အိပ်မွေ့ရာကို မဆန့်ဆန့်အောင်အတင်းဖက်တွယ်လို့အိပ်ခဲ့ကြတာကြောင့် မွေ့ရာခင်းကကြေမွနေလျက်သားလေးပဲ ။ နေခြည်တွေဟာ နံရံပေါ်ကိုကျနေတယ် ။ ဖွင့်ထားတဲ့ပြတင်းပေါက်ကနေ ငှက်လေးတွေရဲ့တေးဆိုသံကဝင်လာတယ် ။
ဒါပေမယ့် မီးခိုးရောင်တွေ ..
မီးခိုးရောင်တွေ ပျောက်နေတယ် ။သူကစိတ်လောလောနဲ့မတ်တပ်ထရပ်လိုက်မိတယ် ။ သူ့ကိုယ်ပေါ်ကစောင်ဟာ မွေ့ရာဘေးကကြမ်းပြင်ပေါ်ပုံလျက်သားကျသွားတယ် ။ တစ်ခန်းလုံးကို ဂျယ်ယွန်းကဝေ့ဝဲသေချာကြည့်တယ် ။ စစ်စိမ်းရောင်ကျောပိုးအိတ်ဟာ နံရံဘေးမှာမှီလျက်သားလေး ၊ ကင်မရာနှစ်လုံးကလည်း မွေ့ရာဘေးလေးတင် ၊ ဂျပ်ဖာပုံးဟာလည်း သူ့နေရာမှာသူ ။
ဂျယ်ယွန်း ကိုယ့်နဖူးကိုယ်လက်နဲ့ပြန်အုပ်လိုက်ပြီး ဆံပင်တွေကိုသပ်တင်လိုက်တယ် ။ နောက်တော့မွေ့ရာပေါ်ခပ်ဖြေးဖြေးထိုင်ချလိုက်တော့တယ် ။ အိကျသွားတဲ့မွေ့ရာနဲ့အတူ ရင်ထဲက ဟာနေမှုတွေ ၊ လူမရှိတော့သလိုနှလုံးသားခန်းလေးတွေ ။
အခန်းတံခါးဟာ ကျွီခနဲပွင့်လာတယ် ။
ဘန်ဂျမင်ဟာ နောက်ပြန်အနေအထားနဲ့ တံခါးကိုတွန်းရင်းပဲဝင်လာတယ် ။ ဘန်ဂျမင့်လက်ထဲမှာက ဟင်းတွေပြည့်ေနတဲ့စားပွဲပုသေးသေးလေးတစ်လုံးကိုကိုင်ထားတယ် ။" နိုးပြီလား ဂျယ်ယွန်း "
စားပွဲကိုဘေးမှာချလို့ ဘန်ဂျမင်ကမျက်နှာမသစ်ရသေးတဲ့ဂျယ်ယွန်းရဲ့ပါးကိုလာနမ်းသွားတယ် ။ နောက်တော့ ပါးချိုင့်တစ်ဖက်ကိုထင်းခနဲနေအောင်ပြုံးပြတယ် ။ စည်းထားတဲ့ဆံပင်တွေဆီကရှမ်ပူနံ့ကသင်းသင်းလေး ။ မီးဖိုချောင်ထဲက ဟင်းအနံ့ကလည်း ဘန်ဂျမင့်ကိုယ်မှာစွဲနေတုန်း ။
YOU ARE READING
𝘸𝘢𝘵𝘦𝘳𝘮𝘦𝘭𝘰𝘯 𝘴𝘶𝘨𝘢𝘳 | 𝘫𝘢𝘬𝘦𝘩𝘰𝘰𝘯 ✅
Fanfictionone summer and that one eternity love start - 14 / June / 2022 end - 3 / July / 2022