Ep:1

14.2K 544 37
                                    

#Unicode

"သားငယ်ရေ ထတော့ "

ဒါကတော့ နေ့တိုင်း ပုံမှန် ဆိုးလ်မြို့ရဲ့ မနက်ခင်းမှာ ထယ်ယောင်းတို့အိမ်မှ ကြားရသည့်အသံ.....

"သားငယ်ရေ ထလို့"

"အား Omma ရာ ကျောင်းပိတ်တဲ့နေ့လဲ နိုးတာဘဲလား အိပ်ဖို့ပေးပါဦး"

မ​ေကျမချမ်း ပြောပြီး စောင်ခြုံပြန်အိပ်နေသည့်ထယ်ယောင်း....

ကော်ဖီထိုင်သောက်ရင်း အပေါ်နဲ့အောက် အော်ပြောနေတဲ့ သားမိကိုကြည့်ပြီး Mr.kim ခေါင်းတစ်ချက်ခါလိုက်သည်။

တကယ့်မနိုင်စိန်တွေ ဒီက အမေကလဲ အပေါ်တက်ပြီး သွားမနိုးသလို....ဟိုကလဲ အောက်မဆင်းလာခဲ့.....

တကယ်ရုံးပိတ်လို့ အိမ်မှာအေးဆေးနားရမလားကြည့်တယ် သူတို့အော်နေတာနဲ့ဘဲ နားပူမိနေပြီ....

ဘယ်လို အမေ...ဒီလိုသားဘဲ...ပုံစံ အမူရာ အကျင့်တွေ သူသလောက် မတည့်တာလဲ သူတို့ဘဲ.....

"သားငယ် ဘယ်သူလာလဲလို့ လာကြည့်လေ"

"ဘယ်သူလဲ .......ဘီလူးဘဲ လာလာ သရဲဘဲလာလာ သားအိပ်ရေးက အရေးကြီးတယ်"

"သား မင်းဘဲ မင်းညီသွားနိုးလိုက်တော့....မင်းအဒေါ်ကလဲ အပေါ်တက်ပြီး နိုးမှာ မဟုတ်သလို ဟိုကလဲ ဆင်းလာမှာမဟုတ်ဘူး....တကယ် ရုံးပိတ်ရက် မို့အိမ်ကပ်တာတောင် နားပူတယ်"

"ဟားဟား ဟုတ်ပြီ ဦလေး ကျွန်တော်သွားနိုးလိုက်ပါ့မယ်"

"သားရေ မင်းညီတော့ အံ့သြ သွားမှာ သွားသွား အရင်အခန်းဘဲ သား"

"ဟုတ် အန်တီ"
.........

ထယ်ယောင်း စိတ်တိုလွန်းလို့ အိပ်ယာထဲသာလှိမ့်နေမိသည်။

ပထမကတော့ အိပ်ပျော်နေပေမယ့် omma အသံကြောင့် နိုးသွားတာ ခု ပြန်အိပ်လို့မရတော့....

တကယ်စိတ်တိုဖို့ကောင်းလိုက်တာ......

"ဒေါက်...ဒေါက်..."

အခန်းတံခါး ခေါက်သံကြောင့် ပွင့်နေတဲ့မျက်စိကို ပြန်မှိတ်ပြီး အိပ်ချင်ယောင်ဆောင်လိုက်သည်။

Ommaတော့ အခန်းထဲ ဝင်ပြီးလာနိုးတော့မယ်ထင်တယ်....

အခန်းတံခါး ဖွင့်တဲ့ အသံနဲ့ အတူ အိမ်ထဲဝင်လာတဲ့ခြေသံ ကိုသာနားစွင့်နေမိသည်။

What's wrong with my cousin brother (Completed) Where stories live. Discover now