#Unicode
"သမီးရေ နွားနို့သောက်ပြီးပြီလား"
"ဟုတ်appa"
"ဒါဆိုလာ အိပ်ရအောင်"
ပြောကာ သမီးလေးကိုချီပြီး အပေါ်ထပ်သို့တက်လာလိုက်သည်။
သားဖနှစ်ယောက်တူတူအိပ်တာမို့ သမီးလေးကို ကုတင်ပေါ်တင်ကာ ဆောင်ခြုံပေးလိုက်ပြီး သူလဲကုတင်ခေါင်းရင်းကိုမှီပြီးလျှောလျှောလေးထိုင်လိုက်သည်။
ဘေးနားမှာထိုင်ပြီး သမီးလေးကို သီချင်းလေးဆိုကာချော့သိပ်မိတော့... အချိန်အနည်းငယ်ကြာမှာအသက်ရှူသံမှန်မှန် နဲ့ အိပ်ပျော်သွားတဲ့သမီးငယ်
အင်းးး..ဒီနေ့အကိုနဲ့တွဲတာ ဘာလိုလိုနဲ့တပတ်ပင်ပြည့်ပြီ....ဒီအတော်တွင်းကိုကို့ကိုလဲ လုံးဝမတွေ့ခဲ့...
တွေ့ရင်တောင်ကိုကိုက သူ့ကိုရှောင်သွားတတ်သည်။
ဦးလေးဆုံးတဲ့ သတင်းကြားပေမယ့်လဲ ဒီကအခက်ခဲတွေကြောင့် နာရေးကို ဘယ်သူ့မှမသွားနိုင်ခဲ့ဘဲ..ဒီကနေသာဆုတောင်းပေးပြီး စိတ်မကောင်းကြောင်း အဒေါ့်ကိုပြောခဲ့ရသည်။
ကိုကိုဘာလို့ပြန်လာလဲ ကျွန်တော်မသိပါ....ဒါပေမယ့် သူကျွန်တော့်ပေါ်ဘာစိတ်မှ မရှိတော့ဘူးထင်..ကျွန်တော်နဲ့ အကိုတွဲတာတောင်ဘာမှမပြောဘဲ ရှောင်နေပေးတာလေ...
အကို့ကိုမချစ်ပေမယ့်လဲ ညီအကိုလိုတော့ချစ်ပါသည်။
တကယ်ကိုအမြဲနွေးထွေးပေးပြီး အမြဲဂရုစိုက်ပေးတတ်သူလေးမို့ သူ့အကိုရင်းလိုချစ်ရသည်။
တွေးရင်းတွေးရင်း အကြည့်တွေရောက်သွားတဲ့နေရာကတော့ သူ့မွေးနေ့မတိုင်ခင်မှာ ကိုကိုပေးခဲ့တဲ့ လက်ဆောင်ပန်းအိုးလေး...
ဟက်ခနဲ..တချက်ရီလိုက်မိသည်။
တကယ်ကို အခုထိသိမ်းထားမိတာဘဲ....တခါသာရဖူးတဲ့ လက်ဆောင်လေးမို့အမြတ်တနိုးလေး သိမ်းထားမိတယ်လို့ဆိုရရင်မှန်နေမလား...
ပြောရင်းတွေးမိလာတာ ကိုကို့အိမ်ထောင်ရေးအကြောင်း..အကိုပြောပြလို့ အဆင်မပြေမှန်းကွာခဲ့ပြီမှန်းတွေသိခဲ့ရသည်။
YOU ARE READING
What's wrong with my cousin brother (Completed)