Ep3

4.5K 375 34
                                    

#Unicode

တီ~တီ~တီ~

"အားရှ် ခနလေး ငါးမိနစ်..ငါးမိနစ်ဘဲ ထပ်ပြီး အိပ်ပါရစေ...နော်..နော်..ရှိခိုးပါတယ်...."

alarm ပေးတဲ့နာရီကိုပြောပြီး ပြန်အိပ်လိုက်တဲ့ထယ်ယောင်း....

အိပ်နေရင်းမှ ကျောင်းသွားရမယ်ဆိုတဲ့ အသိဝင်လာတာကြောင့်အမြန်ထ ထိုင်လိုက်မိသည်။

ဘေးကနေရာလွတ်ကို ကြည့်ရုံဖြင့် ကိုကိုထသွားပြီမှန်းသိသာသည်လေ...

ရေအမြန်ချိုးအဝတ်စားလဲကာ အောက်ဆင်းလာတော့ထမင်းစားပွဲမှာ မုန့်ထိုင်စားနေတဲ့ ကိုကိုနဲ့omma က တချက်လှမ်းကြည့်သည်။

ယောင်းလဲ မုန့်စားဖို့ ကိုကို့ရှေ့တည့်တည့် ထိုင်ခုံမှာထိုင်လိုက်တော့.... ပန်းကန်ထဲ အဆင်သင့်ရောက်လာတဲ့ ပါမုန့်ယိုသုတ်....

အိပ်ယာထထချင်းမို့ဘာမှမပြောချင်လို့ နှုတ်ဆိတ်ကာ မုန့်စားနေတုန်း....

ခြေထောက်နားက အေးဆက်ဆက် အထိတွေ့တခု...

တဖြည်းဖြည်း ခြေဖမိုးပေါ်က ​ဖြတ်ကာ ခြေတလုံးတွေနားထိ ပွတ်ဆွဲလာတဲ့ အထိတွေ့ကြောင့် နေရခက်သွားရသည်။

ကိုကို့ ကိုလှမ်းကြည့်တော့ ဘာမှမဖြစ်သလိုမုန့်စားနေတာမို့...စားပွဲအောက်သာ အသာလေး ငုံ့ ကြည့်လိုက်တော့...

ဘုရားရေ..ကိုကိုက သူ့ခြေထောက်နဲ့ ယောင်းခြေထောက်လေးကို ပွတ်ဆွဲနေခဲ့တာဘဲ....

ရိုးသားတဲ့သူက ဘာမှမဖြစ်ပေမယ့် ကိုယ်ကမရိုးသားသူမို့ နေရခက်စွာ ခြေထောက်ကို နောက် ဆုတ် လိုက်တော့ သိသိသာသာ မျက်ခုံးတွေ တွန့်ချိုးသွားတဲ့ကိိုကို....

ဘာကြောင့်ဒီလိုလုပ်တာလဲ မမေးမိ.....မေးလိုက်မှ ကိုယ့်ကို မထိတွေ့တော့မှာကို စိုးရိမ်မိသည်။

ကိုယ်လဲ ဒီအထိတွေ့ကို သဘောကျတာဘဲ မဟုတ်လား...

"ယောင်းငယ်ပြီးရင် သွားရအောင်"

"ဟုတ်ကိုကို"

ကိုကိုအိမ်မှာနေတာ တပတ်ရှိသွားပြီ....

တပတ်လုံးကိုကို ကသာ ယောင်းကိုကျောင်းပို့ ကျောင်းကြိုလုပ်ပေးသည်။

What's wrong with my cousin brother (Completed) Tempat cerita menjadi hidup. Temukan sekarang