Ep6

4.9K 383 43
                                    

#Unicode

"အင်းး.အဟင့်..အဟင့်.."

"ကျွတ်..ကျွတ်..ကျွတ်"

ဘေးနားက နေ အိပ်ရင်းယောင်ကာ အသံထွက်လာတဲ့ သမီးလေးကို ပြန်အိပ်အောင် အသာယာလေးပုတ်ပေးကာ ချော့လိုက်သည်။

ပြန်အိပ်သွားပြီ ဆိုမှ အခန်းပြင်ကို ထွက်လာကာ ထည့်စရာရှိတဲ့ ပစ္စည်းတွေကို သေချာလေးစစ်ထည့်နေမိသည်။

အားလုံးထည့်ပြီးချိန် ကောက်ကိုင်လိုက်မိတာက စားပွဲ​ပေါ် မှာတင် ထားတဲ့ ဓာတ်ပုံလေး တစ်ပုံ.....

ဓာတ်ပုံထဲက ကောင်မလေးကတော့ ပင်ပန်းမှုကြောင့် မျက်နှာလေး ညိုးနေပေမယ့်...တတ်နိုင်သလောက် အပြုံးလေးတွေနဲ့ ကုစားထားပုံ....

အင်းး မင်းးးလောကကြီးမှာ မရှိတော့တာ ၄ နှစ်တောင်ရှိပြီဘဲ....ကောင်းမွန်မွန်ရှိနေတယ်မလား...

ဘာမှစိတ်မပူပါနဲ့ သမီးလေးကို ကျွန်တော်က ကောင်းကောင်း စောင့်ရှောက်တာမို့... အေးအေးချမ်းချမ်း နဲ့အနားယူပါ...

အချိန်တွေက တအားမြန်ခဲ့ပေမယ့် မင်းနဲ့တွေ့ခဲ့တဲ့အချိန်တွေက ကျွန်တော့်ကို စိတ်ချမ်းသာစေခဲ့ပါတယ်...

"appa!!!"

"ဟေ သမီးလေး နိုးပြီလား"

"appa..appaက..မီးခေါ်ရာဝိုထူးဝူး"

"appaမကြားလိုက်လို့ပါ"

ပြန်ဖြေလိုက်တော့ ကျွန်တော့ လက်က ကိုင်ထားတဲ့ သူ့omma ပုံလေးကို လမ်းကြည့်ကာ....

"omma တိုလွမ်းရို့ရား"

စကားတတ်တဲ့သမီးလေးကြောင့် ထယ်ယောင်းပြုံးလိုက်မိသည်။

သူ့omma သာရှိသေးရင် အတော်လေးချစ်ရှာမှာ...ကံမကောင်းတဲ့သူမကတော့ သမီးလေးမွေးပြီးပြီး ချင်းဆုံးသွားသည်လေ...

တကယ်ကို စိုးလိုက်တဲ့ ကံတရားတွေကိုသာ ကြုံခဲ့ပေမယ့် အပြုံးမပျက်နေခဲ့တဲ့သူမ က ကျွန်တော့်ရဲ့ အတုစရာလူသားဖြစ်ခဲ့သည်။

ခုတော့ ငြိမ်းချမ်းသွားပါပြီလေ...

ခုထိ အတွေးနွံကမထွက်နိုင်တဲ့ ကျွန်တော့်ကို ပေကလပ်ပေကလပ် ကြည့်နေတဲ့သမီး​လေး ပုံက သူ့omma နဲ့တူချက်...

What's wrong with my cousin brother (Completed) Where stories live. Discover now