Ep15

3.8K 242 32
                                    

#Unicode

"ဟုတ်ကဲ့ အရာရှိ Kim ကူညီပေးလို့ ကျေးဇူးပါဗျ"

"....."

"ဟုတ်ကဲ့ပါဗျာ...ကျွန်တော့်ကို လိုရင် ဖုန်းဆက်လိုက်ပါ...သက်သေတွေလဲ ဖုန်းထဲပို့ပေးထားသေးတယ်...ကျွန်တော် လာခဲ့ဖို့လိုရင်လဲ ပြောပါ အရာရှိKim"

"...."

"ဟုတ်ကဲ့ ဒါဘဲနော်..ကူညီပေးလို့ နောက်ထပ်ကျေးဇူးတင်ပါတယ်"

အရာရှိ Kim....

မကြာခင်ကမှ ခင်တဲ့ အရာရှိ Kim Namjoon.....

ကျွန်​ေတာ်တို့ accident က police case မို့လို့....အမှုဖွင့်ပြီးအရာရှိက စုံစမ်းပေးနေတာ...

Hyung တို့ကားက ဘရိတ်ကြိုးဖြတ်ခံထားရပြီး.... ကျွန်တော့်ဆီပို့ထားတဲ့ ပုံတွေအရ နောက်ယောင်လိုက်ခံနေရတယ်လို့ အရာရှိကသံသယဖြစ်လို့...

အခင်းဖြစ်တဲ့ နေရာနားမှာ ရှိတဲ့ 24hrs store က cctv ကိုယူစစ်တော့...accident
နဲ့ မနီးမဝေးနားမှာ ရပ်ထားတဲ့ ကားတစ်စီးကိုတွေ့ရသည်။

အခင်းဖြစ်ပြီး သိမ်မကြာခင်မှာဘဲ မောင်းပြီးထွက်သွားတာ...

အခု အဲ့ကားပိုင်ရှင်ကို ဖမ်းမိပြီတဲ့...

ကျွန်တော့်ဆီ ပို့တဲ့ ပုံတွေကိုလဲ အဲ့လူဖုန်းထဲကနေ တွေ့ခဲ့တော့...Hyung နောက်လိုက်တဲ့ လူမှန်းပိုသေချာနေသည်။

စစ်ဆေးမေးမြန်းမှုလုပ်တုန်းဆိုတော့ တရားခံဟုတ်မဟုတ်မသေခြာသေး...

"ကိုကို"

ပြုံးလိုက်မိသည်။

အချိန်မှန်ရောက်လာပြီဖြစ်တဲ့ယောင်းငယ်....အသံကြားပေမယ့်လှည့်မကြည့်တော့....

"ကိုကိုဗျာ...အကျင့်မကောင်းဘူး...ခေါ်တာတောင်လှည့်မကြည့်ဘူး...သမီးလေးလာ..appaတို့ပြန်မယ်..ဟွန့်"

မထူးတာနဲ့ လှည့်ပြန်တော့မယ့် ယောင်းငယ်....လှည့်မကြည့်လဲ ဆူပုတ်နေမှာမှန်းကြိုသိသည်လေ...

"ဟွန့်appa..ဒယ်ဒီကို ခေါ်နဲ့..ဒယ်ဒီအကျင့်ကောင်းဝူး"

သားအဖနှစ်ယောက်ရဲ့ ချစ်စရာကောင်းမှုကြောင့် လူက ရီချင်လာရသည်။

What's wrong with my cousin brother (Completed) Where stories live. Discover now