Ep4

4.7K 358 29
                                    

#Unicode

"ယောင်းငယ်...ကိုယ်တောင်းပန်ပါတယ်ကွာ"

"........."

"ယောင်းငယ်အဲ့လိုမလုပ်ပါနဲ့လို့ ကိုယ့်ကိုစကားပြန်ပြောဦးလေ....စိတ်မဆိုးပါနဲ့တော့....

ကိုယ်နက်​ဖြန် တကယ်ခေါ်သွားပါ့မယ်ကွာ...ခုက Yoonmi က တနေကုန် အဆက်သွယ် မလုပ်ဘဲ ကိုရီးယား ကိုရုတ်တရက် ရောက်ချလာပြီး ကိုယ့်ကို suprise လုပ်လို့ပါ....

ပြီးတော့ သူဘယ်မှ မသွားတတ်လို့ လေဆိပ်မှာလာကြိုပါလို့ပြောလို့...ယောင်းငယ် ကလဲ အိပ်နေသေးတော့ကိုယ်က သွားလိုက်ရတာပါ"

"......."

"ကျစ်!!ယောင်းငယ် က ကွာ"

ညစျေးမခေါ်သွားလို့ စိတ်ကောက်ပြီး အခန်းထဲ ကမထွက်တဲ့ ယောင်းငယ်ကို အတင်းလိုက်ချော့နေရသည်။

သူလေးစိတ်ကောက်ရင် ကိုယ်မနေတတ်သာ ယောင်းငယ် မသိဘူးလား......ပြန်လာထဲက စိတ်ကောက်နေမှာမှန်းသိပေမယ့် အခုလောက်ကောက်မယ်လို့တော့ မထင်ခဲ့ပါ....

တခါမှလဲ ဒီလောက်ကြာကြာ ကောက်ပြီး မ နေဖူးဘူးလေ...

ခုလဲ လိုက်ချော့ရင်း ချော့မရလို့ ကျစ် ဆိုပြီး စုတ်သတ် မိတော့ စာလုပ်ရင်းကနေမျက်ရည်ဝေ့ နေတဲ့ မျက်လုံးလေးနဲ့ တချက် လှည့်ကြည့်ကာ ပြန်စာလုပ်နေသည်။

အတော်လေးဝမ်းနည်းမိတယ်....အမြဲယောင်းနဲ့ပတ်သတ်ရင် စိတ်ရှည်တတ်တဲ့ သူကခုတော့ စုတ်သတ်ပြီပေါ့....

တကယ်တော့အစကစိတ်ဆိုးပေမယ့် ကိုကိုစချော့ထဲ က စိတ်ကပြေချင်နေပြီ....

ဒါပေမဲ့လဲ တခါလောက် အသဲသန်လိုက်ချော့တာ ခံချင်ဘူးလို့စိတ်ကိုတင်းထားခဲ့တာ....

အခုကိုကိုက စုတ်သတ်နေပြီဆိုတော့ စိတ်မရှည်တော့သည့်ဟန်....

ထပ်သာ စိတ်ကောက်နေရင် မချော့တော့ ဘဲ လွတ်ထားလိုက်တော့မှ ပိုဆိုး​နေ မယ်.....

ကျတော့မယ့် မျက်ရည်ကို ထယ်ယောင်း အမြန်ခိုးသုတ်လိုက်ပြီး......

အခန်းထဲက ခုထိမထွက်သေးဘဲ ရပ်နေတဲ့ကိုကိုဆီလျှောက်သွားလိုက်သည်။

What's wrong with my cousin brother (Completed) Tempat cerita menjadi hidup. Temukan sekarang