11 - မလွမ်းလာခင်တွေ့လို့ရမလား ..?

138 20 0
                                    

Unicode

ဓူဝံ မျက်စိရှေ့က အိမ်ကြီးကို ကြည့်ပြီး သူပြန်လှည့်ပြေးချင်စိတ်ပေါက်သွား၏... ဘာအတွေးနဲ့များ သူလာလိုက်မိပါလေ့...

မဖြစ်ဘူး ဘယ်သူမှ မမြင်ခင် ငါအမြန်ပြန်မှ ဖြစ်မယ်..

ဓူဝံ လက်ထဲက ဝယ်လာသော တရုတ်အစားအစာဆိုင်က အိတ်ကို တင်းတင်းလေးကိုင်ပြီး နောက်ပြန်လှည့်လိုက်သည်။ သို့ပေမဲ့ ဓူဝံလည်း ကျောပေးလိုက်ကော ခြံဝင်းရဲ့လူဝင်တဲ့ အပေါက်က 'ကျွီ' ကနဲ ဆိုပြီး ဖွင့်သွား၏..

စိတ်စုချင်စိတ်ဖြင့် လှည့်ကြည့်လိုက်တော့ ရှပ်အဖြူနှင့်ဘောင်းဘီအမဲတို့ကို လိုက်ဖက်စွာ ဝတ်ဆင်ထားသော ဦးလေးအရွယ် လူကြီး တစ်ဦးထွက်လာ၏...

ဓူဝံကိုလည်း မြင်တော့ ယဥ်ကျေးစွာမေး၏..

" ဒီအိမ်ကိုလာတာလား ... ဘယ်သူ့ကိုတွေ့ချင်လို့လည်းမသိဘူး.. "

ဓူဝံကို့ရို့ကားယားရီပြရင်း... " ဒါက Adam ဦး အိမ်လားမသိဘူး .. "

ဓူဝံရပ်နေသော နေရာကနေ နောက် ၃ မိနစ်လောက် ပြေးလိုက်ရင်တောင် ဘေးခြံကို မရောက်နိုင်ပေ ... ထို့ကြောင့် ဓူဝံ ဗြောင်လိမ်မနေတော့ဘဲ မေးလိုက်ရ၏ ...

ထိုဦးလေးကြီးက Adam နာမည်ကြားတော့ ပိုအံ့သြသွားကာ ခေါင်းစ​​ခြေဆုံး တစ်ခါပြန်ကြည့်သည် ... ဓူဝံလည်း ကြောင်တောင်တောင်ဖြင့် သူ့ကိုယ်သူ ပြန်ငုံကြည့်မိတော့မှ ထိုဦးလေးက သတိထားမိသွားဟန်ဖြင့် အပြုံးတစ်ခုဆင်ကာ အိမ်ထဲဝင်ဖို့ ဖိတ်ခေါ်သည် ...

"စိတ်တော့မရှိပါနဲ့ ဒီက အကိုလေးက ဘယ်မိသားစု အိမ်ကလည်း မသိဘူး ... ဦးလေးလည်း အသက်ကြီးလာပြီ ဆိုတော့ ဉာဏ်ရည်တွေလည်း ကျကုန်ပါပြီ ..."

ဓူဝံ အိတ်ကိုသာ လိမ်ဖယ်လိမ်ဖယ် လုပ်ရင်း ရီကျဲကျဲဖြင့် ပြန်ဖြေလိုက်သည် ...

"ဦးလေး ကျွန်တော့်မိသားစုကို ပြောပြလည်း မသိလောက်ဘူးထင်တယ်... ကျွန်တော့် နာမည်က ဓူဝံပါ Adam ရဲ့ .... သူငယ်ချင်းပါ ... ခင်မင်တာတော့ သိပ်မကြာသေးပါဘူး သူ နေမကောင်းဆိုလို့ လာကြည့်တာပါ ... "

𝓢𝓸𝓾𝓵𝓶𝓪𝓽𝓮 { Soulmate by Madihaymar}Where stories live. Discover now