Unicode
"ဓူဝံ ... ကိုယ်မင်းနဲ့ တွဲချင်တယ် ...
ကိုယ့်ကို မင်းကောင်လေးအဖြစ် ခွင့်ပြုပေးနိုင်မလား ..."သူမျှော်လင့်ထားပြီးသားဆိုပေမဲ့လည်း တကယ့်တကယ်တမ်းကြားလိုက်ရတော့ ဓူဝံမျက်နှာတွေပူလောင်သွားရသည် ...
Adam က သူ့လက်နှစ်ဖက်ကို ဆွဲယူဆုပ်ကိုင် ရင်း ဓူဝံ မျက်နှာရိပ်ကဲ ကိုတိုက်လျှောက် စိုက်ကြည့်ကာ စောင့်စားနေ၏ ...
ဓူဝံ သက်ပြင်းတစ်ချက်ရှူထုတ်ပြီးတဲ့အခါမှာ မျှော်လင့်တစားစောင့်စားနေတဲ့ Adam မျက်ခုံးတွေက ပြေလျော့သွားသည် .. Adam လက်ထဲက ကိုယ့်လက်ကို ပြန်ဆွဲထုတ်ကာ Adam လက်ကို တစ်ဖန် ပြန်လည်ဆုပ်ကိုင်လိုက်သည် ..
"Adam ... ကျွန်တော့်ကို မကောင်းတဲ့ ကောင်လို့ထင်ရင်လည်းထင်လို့ရပါတယ် ကျွန်တော် Adam ရဲ့ ဝန်ခံတာကို လက်လည်းမခံနိုင်သလို ငြင်းလည်းမငြင်းနိုင်ဘူး ... ဒါပေမဲ့ ကျွန်တော် Adam ကို လုံးဝ လက်မခံနိုင်ဘူးပြောတာ မဟုတ်ပါဘူး ... ဘယ်ကနေ စပြောလို့ပြောရမယ်မှန်း ဓူဝံ လည်း မသိတော့ဘူး .. ဒါပေမဲ့ ကျွန်တော် အခုလောလောဆယ်တော့ .... လက်ခံပေးလို့မရနိုင်သေးဘူး ... ဘာကိုမှ အာရုံမပေးနိုင်သေးဘူးဗျာ .. ကျွန်တော့်မှာ ကိစ္စကြီးတစ်ခု ဖြေရှင်းစရာရှိနေသေးတယ် ... "
သူလက်ခံချင်သည် ... မရေမရာ မသေချာတဲ့ ခံစားချက်တွေကို ရုပ်လုံးပေါ်လာအောင်သူ ပျိုးထောင်ချင်ပါရဲ့ .. ဒါပေမဲ့ အဲလိုလုပ်လိုက်မိရင် သူ့ကိုယ်သူ အပြစ်တင်မိလေ့မယ် ... သူ့အိမ်မှာ မကောင်းတဲ့ ကိစ္စတွေရှိနေတဲ့ အချိန်မှာ သူ့အမေ အန်ကယ်နဲ့ သူ့ညီမလေး တွေ ငိုနေတဲ့ အချိန်မှာ သူပျော်မနေချင်ဘူး ... တစ်ဖက်မှာလည်း ပျော်ရမဲ့ အချိန်မှာ Adam ရှေ့မှာ သူစိတ်ဆင်းရဲ မနေချင်ဘူး .. ဘယ်ဘက်ကိုကြည့်ကြည့် ဒီအချိန်က သူ တစ်ကိုယ်ကောင်းမဆန်သင့်တဲ့ အချိန်ဖြစ်သည် ...
Adam က ဓူဝံ ကို ရှုပ်ထွေးစွာကြည့်လာ၏ ...
"ကိစ္စကြီးတစ်ခုဖြေရှင်းစရာရှိတယ် ...? ဓူဝံ ဆိုလိုချင်တာက ကိုယ့်ကို စောင့်စေချင်တာမလား ...? "
ဓူဝံ ခေါင်းလည်းမညိတ်သလို ခေါင်းလည်းမခါနိုင်ပေ ... Adam နဲ့ သူက နက်နက်ရှိုင်းရှိုင်း ချစ်ကြိုက်နေကြလို့ တွဲချင်ကြတာမဟုတ်ပေ ... နှစ်ယောက်စလုံးက ခံစားချက်တွေ ကိုယ်စီ ရှိကြပြီး အဖြေရှာချင်ကြတာဖြစ်တယ် .. ထို့ကြောင့် သူဘက်ကနေ စောင့်ပေးပါဟူ၍ မပြောနိုင်ပေ ... Adam အတွက်က လူမရှားပေ ... သူစိတ်ဝင်စားမှု အနည်းငယ်ပေးလိုက်တာနဲ့ ခေါင်းညိတ်ပေးကြမဲ့ သူတွေအပြည့်ပေ ... ထို့ကြောင့် ဆွဲမထားနိုင်ပေ ... ဒါပေမဲ့ ဓူဝံ အတွင်းစိတ်ထဲမှာတော့ လက်မလွှတ်ချင်ပေ ... မလွဲချော်ချင်ပေ ...
![](https://img.wattpad.com/cover/221157448-288-k447983.jpg)
VOUS LISEZ
𝓢𝓸𝓾𝓵𝓶𝓪𝓽𝓮 { Soulmate by Madihaymar}