6 - A piece of jigsaw puzzle 🧩

168 24 9
                                    

Unicode

"ဟိုရှေ့နားဆိုရပြီ... "

ကားက ဓူဝံ ညွှန်ပြရာ လမ်းထိပ် ပန်းခြံ ရှေ့ မှာ ရပ်လိုက်တော့ သူက ဟိုကြည့်ဒီကြည့်လုပ်ပြီး ဓူဝံကို လှမ်းကြည့်သည်... ဆိုလို ချင်တာက ဒီနားမှာ နေတာ မဖြစ်နိုင်ပါဘူးဆိုပြီး..

"ကျွန်တော့် အိမ်က ရှေ့လမ်းထဲမှာပါပဲ အိမ်ရှေ့ရောက်မှ ကားပေါ်ကဆင်းရင် မေးနေကြဦးမှာ စိုးလို့.."

ဓူဝံ စကားကြောင့် သူ တစ်ချက် တွေးဆဆ ဖြစ်သွားပြီးနောက် အသာအယာ ခေါင်းညိတ်ပြသည်..

ကားပေါ်မှဆင်းဖို့ပြင်နေသောဓူဝံကြောင့် Adam အလျင်အမြန်ပြောလိုက်သည် ...

" ပြန်တော့မလို့လား တစ်ခုခု သွားစားချင်လား .. ဒါမှ မဟုတ်တစ်နေရာရာ သွားရအောင်လေ .. ကျွန်တော် အေးဆေး စကားပြောချင်လို့ .... "

Adam က တကယ်တော့ အစထဲက တစ်နေရာမှာ အေးဆေးစကားလေးဘာလေး ပြောချင်ပေမဲ့ တစ်ဖက်က ကောင်လေးက သိပ်ပြီးမလိုလား ဟန်ပြနေတာမို့လို့ အမှန်ပြောရရင် Adam စိတ်ပျက်သွားရသည် ..

တစ်ဖက်လူကိုလည်း စိတ်အနှောင့်အယှက် မပေးချင်တာကြောင့် ထိုကောင်လေးကို အိမ်ပဲ ပြန်ပို့ပေးလိုက်ရသည် ...

တကယ်လည်း ပြန်တော့မယ်ဆိုတော့ Adam မနေနိုင်တော့ အနည်းဆုံးတော့ သူမိတ်ဖွဲ့ချင်သေး၏ ..

Adam ရဲ့ ဖိတ်ခေါ်မှုကြောင့် ဓူဝံ တံခါး လက်ကိုင်ကို ကိုင်ထားရာမှ Adam ဘက်ကို လှည့်ပြီး အားတုံ့အားနာ ဖြင့် ပြန်ဖြေသည် ..

"ဟို တစ်မျိုးမထင်ပါနဲ့ .. ကျွန်တော် မလိုက်ချင်လို့ မဟုတ်ပါဘူး ... ကိစ္စလေးရှိနေလို့ပါ.. ကျွန်တော် ပစ္စည်းတစ်ခုယူစရာရှိနေလို့ GH school ရဲ့ လေ့ကျင့်ရေးကွင်းနေရာကိုသွားရမှာ မို့လို့.. "

ဓူဝံပြောမှ Adam သတိရသွားကာ အိတ်ကပ်ထဲကက သော့ချိတ်လေးကိုထုတ်ပေးရင်း မိတ်ဆက်လိုက်သည်...

" Sorry ပါ ကျွန်တော် ခုဏက ပြာသွားလို့ မပြောပြဖြစ်လိုက်ဘူး .. ကျွန်တော့် နာမည်က Adam ဦးပါ .. သော့ချိတ်ကောက်ရထားသူပေါ့.. "

ဓူဝံက သော့ချိတ်ကို မြင်တော့ သူ့ကို တလှည့် သော့ချိတ်ကို တစ်လှည့် တအံ့တသြကြည့်နေလေရဲ့..

𝓢𝓸𝓾𝓵𝓶𝓪𝓽𝓮 { Soulmate by Madihaymar}Où les histoires vivent. Découvrez maintenant