Unicode
"Adam ....!! ဆယ်ငါးမိနစ် တစ်ခါဖုန်းခေါ် မနေနဲ့ ဟဲ့ .. နင်အဲလိုခေါ်နေရင် ငါ eyeliner ဆိုးတာတွန့်တွန့်သွားပြီး ပိုကြာနေလိမ့်မယ်နော် .."
Face time ထဲက မျက်လုံးတစ်ဖက်မရှိသလို liner တစ်ဖက် မဆိုးရသေးသော မေရီက သူ့ကို လှမ်းအော်သည် ..
"အဲဒါဆိုလည်း မြန်မြန်လုပ်ဟာ .."
"နင်ဘာဖြစ်နေတာလည်း .. ငါ့ဘဲတောင် ငါ့ကို အဲလောက် ဖုန်းတဂွမ်ဂွမ် မခေါ်ဘူး .. အဲဒီ့ ကီးချိန်းက ဘာတွေများအရေးကြီး.."
"ကဲပါ .. အဲဒီ မျက်လုံးတစ်ဖက်ကို အရင်ပြီးအောင် မြန်မြန်ဆိုးလိုက်တော့ .. ငါ ဟယ်လီ့ ကိုအရင်သွားခေါ်တော့မယ် .."
ဖုန်းချလိုက်ပြီးနောက် Adam ကားစက်နှိုးလိုက်၏ ..
ငါ ပြီးတော့မယ် ဆိုလို့ အိမ်ပေါ်က ဆင်းကာ ကားပေါ်မှာ ထိုင်စောင့်နေလိုက်တာ .. ၁ နာရီ ကြာတဲ့ အထိ ငါပြီးတော့မယ် ကနေမတက်သေး .. တစ်ခါတစ်လေ ဘာမှ ပြင်ဆင်စရာမလ်ိုတဲ့မျက်နှာမျိုးရှိနေတာကိုပဲ ကျေးဇူးတင်မိတယ် ..
Adam ၏ကား အဖြူလေးက အိမ်၏ခြံတံခါးနားရောက်တဲ့အခါ အလိုအလျောက်ခြံတံခါးက ပွင့်သွားသည် .. အရှိန်ပြင်းစွာမောင်းနိုင်အောင် ဖန်တီး ထားတဲ့ကားကို ဝယ်စီးပါတယ်ဆိုမှတော့ Adam ရဲ့ ကားအရှိန်က သေးမှာ တော့မဟုတ် ..
Adam တို့နေရာ Hill villa ထဲကနေ ထွက်ပြီးနောက် ဟယ်လီ အိမ်ကို ၅ မိနစ်အတွင်းရောက်သွားသည် .. ဟယ်လီ့ အိမ်ရှေ့ရောက်တော့ ဖုန်းခေါ်ရန် ဖုန်းပဲ ကိုင်ရုံရှိသေးသည် .. ဟယ်လီက ကားမှန်လေးကို လာခေါက်သည် ..
အစိမ်းရောင် ဆွယ်တာလေးကို စကတ်တိုလေးဖြင့် တွဲဖက် ဝတ်ဆင်ထားသော ဟယ်လီကြောင့် ခုံခေါက်ပြီး အနောက်မှာ မထိုင်ခိုင်းတော့ဘဲ သူ့ ဘေးမှာသာ ထိုင်စေလိုက်၏ ..
"Thanks ..."
ဟယ်လီက ခပ်တိုးတိုးလေး ကျေးဇူးတင်စကားဆိုသည် ..
"ဟယ်လီ ကျတော့ စောင့်စရာတောင်မလိုဘူး .. မေရီများ ငါထိုင်စောင့်နေရင် အပင်ပေါက်လောက်မယ် .."
"ဟားဟား.. ငါတို့ မိန်းကလေးတွေက အလုပ်ပိုများတာကို Adam ရဲ့ .. "
![](https://img.wattpad.com/cover/221157448-288-k447983.jpg)
BẠN ĐANG ĐỌC
𝓢𝓸𝓾𝓵𝓶𝓪𝓽𝓮 { Soulmate by Madihaymar}