Part 1
ညအမှောင်ယံမှာမီးအလင်းရောင်ကိုအားပြုပီးအိမ်ကြီးထဲမှာအသံမကြားအောင်လျှောက်နေတဲ့ကောင်မလေး...သူမဟာဒီအိမ်ကြီးရှင်သခင်မကြီးရဲ့တစ်ဦးထဲသောလူယုံတော်...သခင်လေး၂ယောက်ကအမအရင်းလိုချစ်ရတဲ့သူမ...ဒီအိမ်ကြီးရှင်သခင်မကြီးကသမီးအရင်းလိုချစ်ပေးမှုကြောင့်ဒီအိမ်ကြီးမှာပျော်ရွှင်နေခဲ့တဲ့သူမ...တနေ့မှာသခင်ကြီးရဲ့လူယုံဆိုပီးခေါ်လာတဲ့လူတယောက်နဲ့ချစ်ကြိုက်မိခဲ့တယ်...ဘယ်သူ့ကိုမှမချစ်ဖူးခဲ့တဲ့သူမဟာအဲ့လူကိုအချစ်ကြီးချစ်ပီးအယုံကြီးယုံခဲ့တယ်...ဒါသူမမှားတာပဲ...အဲ့လူကသူမကိုအပျော်သဘောထားမယ်မသိခဲ့ဘူးလေ...အဲ့လူရဲ့ "သခင်ကြီးတို့မသိစေနဲ့ "ဆိုတဲ့စကားတစ်ခွန်းကြောင့်သူတို့မှာအခုလိုခိုးတွဲနေကြတယ်...အခုလဲညဘက်ကြီးချစ်ရသူကိုတွေ့ဖို့အခန်းရှေ့ကိုခိုးလာခဲ့တယ်...
"အဲ့မိန်းမကိုမလုပ်သေးဘူးလား"
အခန်းကနည်းနည်းလေးဟထားလို့ကြားနေရတဲ့အသံတွေကိုတိတ်တိတ်လေးနားထောင်နေလိုက်တယ်...
"စိတ်ရှည်စမ်းပါငါ့သားရာ...အဖေတစ်ခုစီစဥ်ပီးသားပါ...မနက်ဖြန်အဲ့မိန်းမရဲ့မွေးနေ့ပါတီလုပ်မယ်တဲ့...အဲ့မှာဆေးခတ်လိုက်မယ်လေ"
"လွယ်လွန်းမနေဘူးလား"
မယုံသင်္ကာနဲ့မေးလာတယ်
"မင်းကငါတို့လုပ်မှန်းသိသာအောင်လုပ်မလို့လား"
"မဟုတ်ပါဘူး ကျွန်တော့်မှာအသိရှိတယ် ဆေးကိစ္စမပူနဲ့...သူ့သားကိုရော"
"ဆေးစွဲပီးသေတဲ့မိန်းမရဲ့သားကိုဘယ်သူကအရေးတယူလုပ်ဦးမှာလဲ...ဟားးး"
သူတို့အကြံကိုသူတို့သဘောကျပီးရယ်နေကြတယ်...
//ခွမ်းးး//
နားထောင်နေရင်းမတော်တဆပန်းအိုးကိုထိမိပီးပြုတ်ကျသွားတယ်...သူမကိုဟိုသားအဖလှည့်ကြည့်လာတယ်လေ...သူမကိုမြင်သွားမှန်းသိလို့အမြန်ပြေးဖို့ပြင်လိုက်ပေမယ့်သူမထပ်အားကောင်းတဲ့ ယောကျ်ားသား၂ယောက်ရဲ့လက်ထဲပါသွားခဲ့တယ်...
"တောင်းပန်ပါတယ် သခင်ကြီး...ကျွန်မကိုလွှတ်ပေးပါနော်....ကျွန်မပြန်မပြောပါဘူး..."
YOU ARE READING
Sweet Revenge
Fanfiction#namjin #owncreation cover photoလုပ်ပေးတဲ့အမကိုကျေးဇူးအရမ်းတင်ပါတယ်