FINAL

133 11 4
                                    

Part 9

sj-နိုးလာပီလား ကင်မ်ဗြောင်ဟူရှီး...

သူ့မျက်လုံးပေါ်မှာစည်းထားတဲ့အ၀တ်ကိုဖယ်ပီးပြောလာတဲ့ဆော့ဂျင်ကိုသူကြည့်လိုက်တယ်...ငါအခုဆော့ဂျင်လက်ထဲရောက်နေပီတဲ့လား...

"စီအီးအိုကင်မ်...ကျွန်တော်တောင်းပန်ပါတယ်...ကျွန်တော့်ကိုခွင့်လွှတ်ပေးပါနော်...ကျွန်တော်အန်နာ့ကိုသတ်ချင်လို့သတ်ခဲ့တာမဟုတ်ပါဘူး..."

သူ့ကိုအတင်းတောင်းပန်နေတဲ့ဂျွန်ဝူးကိုဆော့ဂျင်နဲ့နမ်ဂျွန်းအေးဆေးစိုက်ကြည့်နေလိုက်တယ် သေချာပြောရရင်သူ့အချစ်ဘာလုပ်မလဲဆိုတာနမ်ဂျွန်းစောင့်ကြည့်နေတာပါ...

"အဲ့လူ..အဲ့လူသတ်ခိုင်းတာ..အဲ့လူသတ်လိုက်တာပါ"

"ဂျွန်ဝူး!!!ငါလုပ်ခဲ့တာမှန်သမျှကမင်းကောင်းဖို့အတွက်လေ...မင်းနားမလည်ဘူးလား..ဟမ်!!!မင်းအဲ့လိုဘာမှမရှိတဲ့မိန်းမတစ်ယောက်နဲ့ချစ်နေတာကိုငါကဒီတိုင်းကြည့်နေစရာလား..."

//ခွပ်!!!//

ဗြောင်ဟူပြောလိုက်တဲ့စကားကြောင့်သူ့မျက်နှာပေါ်ကိုခပ်ကြမ်းကြမ်းလက်သီးတစ်ချက်ကျလာတယ်...တချက်ထဲနဲ့သွေးထွက်လောက်တဲ့ထိကိုကြမ်းတဲ့လက်သီးထိုးချက်...

sj-အဲ့ဘာမှမရှိဘူးဆိုတဲ့မိန်းမကခင်ဗျားထပ်လူပီသတယ်...နောက်တစ်ခါအဲ့လိုထပ်ပြောကြည့်!!!အော်...မှားလို့..နောက်တစ်ခါဆိုခင်ဗျားတို့သူတို့ရှေ့ရောက်နေလောက်ပီပေါ့..ဟက်!!!

မဲ့ပြုံး ပြုံးပီးပြောလာတဲ့ဆော့ဂျင်ကိုကြည့်ရင်းကြောက်နေကြတယ် ဆော့ဂျင်ကိုလျှော့တွက်မိခဲ့တာမှားတာပဲ...

"စီ..စီအီးအိုကင်မ်..."

အကြောက်တရားတြွေပည့်နှက်နေတဲ့မျက်ဝန်းနဲ့ခေါ်လာတဲ့လူကိုစိုက်ကြည့်လိုက်တယ်

"အန်နာ့ကိုသတ်မိလို့လဲကျွန်တော်နောင်တရနေပါပီ...ကျွန်တော့်ကိုလွှတ်ပေးပါနော်.."

sj-မမအဲ့လိုတောင်းပန်ခဲ့တုန်းကမင်းတို့လွှတ်ပေးလို့လား!!!!

သူပြောတဲ့စကားကြောင့်ဂျွန်ဝူးငြိမ်သွားတယ်

"ကျွန်တော်..ကျွန်တော့်ကိုခိုင်းချင်တာခိုင်းပါ..အပြစ်ကျွေးဆပ်ပါ့မယ်..ပီးတော့...သခင်မကြီးကိုလဲအဲ့လူပဲသတ်ခဲ့တာပါ..စီအီးအိုကင်မ်..ကျွန်တော်အန်နာ့ကိုတကယ်ချစ်ခဲ့တာပါ..."

Sweet RevengeOpowieści tętniące życiem. Odkryj je teraz