EIGHT

100 9 2
                                    

Part 8

sj-ငါ့ကိုမမအကြောင်းစုံစမ်းပေး...

အခုအိမ်မှာသူတို့သူငယ်ချင်း၂ယောက်ပဲရှိတဲ့အချိန်ကိုဆော့ဂျင်ပြောနေတာလေ သေချာပြောရရင်နမ်ဂျွန်းကအခန်းထဲမှာအိပ်နေတုန်းပေါ့ တကယ်တော့ဂျောင်ကုကထယ်ယောင်းကိုရုံးလိုက်ပို့ပေးဖို့လာခေါ်တာကိုဆော့ဂျင်ကအတင်းဆွဲထားလိုက်တာလေ အခုလဲကြည့် သူပြောတာကိုစိတ်ဝင်စားရဲ့လားတောင်မသိ မျက်နှာကြီးပျက်ပီးထိုင်နေတဲ့လင်သာအရေးကြီးဆုံးဆိုတဲ့ဂျောင်ကုပင်...

sj-ဟျောင့်!!!ဂျောင်ကု!!!!

jk-ဘာလဲကွာ

အော်လိုက်မှမကျေမနပ်နဲ့ပြန်ထူးလာတဲ့သကောင့်သား...

sj-ငါပြောတာကြားလားလို့ မမအန်နာသေတဲ့အကြောင်းစုံစမ်းပေးလို့!!!

သူတို့၂ယောက်ကြားမှာနေရာလေးနည်းနည်းလွတ်နေတာကို၂ယောက်သားအော်ပြောနေကြတာကြောင့်အခန်းထဲမှာအိပ်နေတဲ့နမ်ဂျွန်းနိုးသွားတော့တယ်...

jk-ကြားတယ်!!!!

sj-အော်မနေနဲ့ မအေဘေးရဲ့...

တယောက်တစ်ခွန်းဆဲလိုက်အော်လိုက်နဲ့စကားများနေကြတာလိုရင်းကိုမရောက်တော့ဘူးလေ...

nj-ဘာဖြစ်နေကြတာလဲ...

ထွက်လာပီးသူငယ်ချင်း၂ယောက်ကြားလွတ်နေတဲ့နေရာကျဉ်းကျဉ်းလေးမှာဝင်ထိုင်လိုက်တာကြောင့်ဂျောင်ကုဘေးတိုးပေးလိုက်ရတယ်...(အနားကဆိုဖာတွေတွက်မျက်ရည်၂စက်💧💧)

sj-အဲ့ကောင်ပေါ့ငါပြောတာကိုသေချာနားမထောင်ဘူးလေ...ကြည့်..အခုတော့မင်းလုပ်လို့ဂျွန်းနိုးသွားပီ...

jk-မင်းလင်ကသူ့ဟာသူနိုးတာလေ..ပြဲလန်နေအောင်အရင်စအော်တာဘယ်သူလဲ...

sj-ယုန်ရုပ်နဲ့ခွေးကောင်!!!

jk-ဘာလဲ...ခွေးရုပ်နဲ့ဝက်ကောင်!!!

၂ယောက်သားကလေးတွေလိုရန်ဖြစ်နေတာကိုကြည့်ပီးအလယ်ကနမ်ဂျွန်းမှာခေါင်းသာခါမိတော့တယ်...ဒါမယ့်ကလေးတစ်ယောက်လိုပြန်ရန်တွေ့ပီးသူ့ကိုနိုးအောင်လုပ်မိတယ်ဆိုပီး ပြောနေပုံကသိပ်ချစ်ဖို့ကောင်းလွန်းနေတယ်...

Sweet RevengeWhere stories live. Discover now