"Fuck you Pottahh!! မင်း ငါတို့နှစ်ယောက်အကြောင်းကို အခြားသူတွေကိုပြောပြလိုက်ပြီး ဟုတ်လား ဟမ်း!?"
"ဒရေဂို....အရင်ဆုံးစိတ်ကိုငြိမ်ငြိမ်ထားနော် ငါတို့နှစ်ယောက်တွဲနေတာကြာပြီပဲလေ..ဒီအကြောင်းကိုငါတို့သူငယ်ချင်းတွေတော့သိသင့်တယ်မဟုတ်ဘူးလား...သူတို့ကသူစိမ်းတွေမှမဟုတ်တာ"
ဟယ်ရီ သူအပေါ်ဒေါသထွက်နေသောသူ့ချစ်သူကောင်လေးရဲ့ နောက်ကျောပြင်ကိုကြည်ရင် စိတ်ဆိုးပြေလိုငှားပြောလိုက်သည်။အမှန်တကယ်တော့ ဒီအကြောင်းတွေကိုသူမပြောလည်း အခြားသူများမှရိပ်မိကြမည်ဟု သူထင်သည်။
သူ့ကောင်လေးရဲ့ကြင်နာပုံ၊သူ့ကောင်လေးသူ့အပေါ်ဂရုစိုက်ပုံ၊သူကောင်လေးရဲ့ချစ်တတ်ပုံတို့ကို အခြားသူစိမ်းများကြည်ရင်တောင်မှ သူတို့နှစ်ယောက်တွဲနေမှန်းကိုပင်ရိပ်မိနိုင်ပေမည်။
ယခုမှလည်း သူနှင့်ဒရေဂိုရဲ့အခြေအနေကို ဆက်ပြီးပုန်းရှိုးကွယ်ရှိုးမလုပ်နိုင်တော့ပေ။သူထိုအခြေအနေကို လုံးဝကိုစိတ်ကုန်လိုနေနေပြီး ဒါကြောင့်လည်း အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဖြစ်သည့် ဟာမွန်နီနဲ့ရွန်ကိုဦစွာဖွင့်ပြောပြီးနောက် ဒရေဂိုရဲ့သူငယ်ချင်းဖြစ်သည့်ပင်စီအားဖွင့်ပြောနေစဉ် သူအားတွေ့၍ ကော်ရစ်တာအတိုင်းဆွဲခေါ်လာကာ ယခုကဲ့သို့စိတ်ဆိုးနေခြင်းပင်ဖြစ်သည်။
ဒရေဂိုအကြောင်းကိုသူအသိဆုံးပေ..ဒရေဂိုသူတို့နှစ်ယောက်ရဲ့ပတ်သတ်မူကို သူ့သူငယ်ချင်းတွေကိုပေးမသိစေချင်သည်မှာ သူတို့ကိုဆုံးရှုံးသွားရမှာကို ကြောက်နေမိလိုဆိုတာကိုပေါ့။
"ဒါပေမယ့်....မင်းငါကိုအရင်ဆုံးတိုင်ပင်သင့်တယ်လေ ပေါ်တာ မင်းနဲ့ငါတွဲနေတာရော ဟုတ်သေးရဲ့လား!?"
"မင်းနဲ့ငါရဲ့သူငယ်ချင်းတွေအကုန်လုံးက..ငါတိုနှစ်ယောက်လုံးရဲ့အခြေအနေကိုလက်ခံကြတယ်လေ မင်းဒါအတွက်ပျော်မနေသင့်ဘူးလား"
"ပျော်သင့်တယ်..ဟုတ်လား? ငါတို့နှစ်ယောက်အခြေအနေကိုလေ..ဒါသူတို့ကငါတို့သူငယ်ချင်းမို့လို့လက်ခံပေးတာလေ မင်းအခြားသူတွေကိုငါတို့နှစ်ယောက်ပတ်သတ်မူကိုပြောပြကြည်ပါလား လက်ခံမယ်လို့ မင်းထင်နေလား?"
![](https://img.wattpad.com/cover/271113556-288-k653054.jpg)
YOU ARE READING
Drarry one shots collection
Fanfictionယခုဟာက drarry one shots collection ဖြစ်တဲ့အတွက်ကြောင့်မို့ jkရဲ့ဝတ္ထုနဲ့ကွဲလွဲတာတွေပါနိုင်ပါတယ်။ Draco နဲ့ Harry တစ်နည်း Harry potter ရဲ့သရုပ်ဆောင်နှစ်ယောက်ဖြစ်တဲ့ Tom နဲ့ Daniel ကိုship ချင်တဲ့အတွက်ကြောင့်ရယ် သူတို့အတွက်သီးသန့် ချစ်စဖွယ်romatic sce...