True or Dare

1.3K 137 10
                                    

ပတ်ဝန်ကျင်တလျောက်လုံးတွင် စာရွက်ဟောင်းနံ့သင်းသင်းလေးများပျံ့လွင့်လိုနေလေရာ တိတ်ဆိတ်ငြိမ်သက်မူကြောင့် မည်သည်သံမှ တစိုးတစိခန့်မျှကိုပင် မကြားရပေ။

ထိုငြိမ်သတ်လှသော ပတ်ဝန်းကျင်ကို ဟာမွန်နီအော်သံဖြင့် ဖြိုးခွင့်လိုက်ကာ စာကြည်တိုက်တစ်ခုလုံးမှာသူမ အသံအုပ်မိုးသွားလေသည်။

"Oh my gosh!! ပါကင်ဆမ် တကယ်ကြီးလား "

"ရှူးး....တိုးတိုး ဂရင်းဂျား !"

ပင်စီထိုကိစ္စကိုသူမကိုပြောပြလျှင် အံသြသွားလိမ့်မည်ကိုသိသော်လည်း ထိုမျှလောက်အံသြလိမ့်မည်ဟု သူမ မထင်ထားခဲ့မိရာ ဂရင်းဂျာစိတ်ငြိမ်သွားစေရန် သူမပခုံပေါ်လက်အသာဖွတင်ကာ ပြောလိုက်သည်။

"Sorry... ငါမေ့သွားတယ် ငါတို့က စာကြည်တိုက်ထဲမှဆိုတာ..ငါတို့သီးသန့်စကားပြောလိုရတဲ့နေရာသွားရအောင်"

သူမလည်း ဂရင်းဂျား စကားကိုတုံ့ဆိုင်းမနေဘဲ သဘောတူလိုက် သည်။ထိုကိစ္စကို အခြားသူတွေ အာရုံစိုက်မှာကိုမလိုလားပေ။ဂရင်းဂျားက သူမအား စာကြည်တိုက်နောက်ဘက်လူရှင်းသောနေရာသို့ဆွဲခေါ်လာခဲ့ရာ စာအုပ်စင်ကိုကွယ်ကာ ဟိုကြည်ဒီကြည် ကြည်နေသော ဂရင်းဂျာကိုကြည်ရင် စိတ်မရှည်တော့သဖြင့် သူမနောက်ကျောကိုစိတ်ပျက်စွာကြည်ရင်"ဂရင်းဂျား!"

"နင်ငါကို နောက်တစ်ခေါက်လောက် ထပ်ပြောပြပါလား ငါ ကိုယ်နားကိုယ်တောင်မယုံနိုင်ဘူး"

ပင်စီ သူမကို ဒရေဂိုလေသံအတိုင်း တတွေမသိမ်း ပြောပြနိုင်ရန်အတွက် အရင်ဆုံးအနေနဲ လည်ချောင်းကိုရှင်းလိုက်သည်။သို့မှလည်း ဒရေဂိုသူမအား အမြဲပြောနေကြအသံ၊အမြဲတစ်ယောက်တည်းငြီးငြူးနေကျအသံ အတိုင်းပြောနိုင်ပေမည်။ထိုနောက်

"ပေါ်တာရဲ့ ဖားပြုတ်မျက်လုံးစိမ်းကြီးက မုန်းစရာကောင်းလိုက်တာ သူရဲ့စုတ်ပြတ်သတ်ပြီး ငှက်သိုက်လိုဆံပင်ကလည်း မျက်မှန်ဝိုင်းနဲ့လိုက်ဖက်နေတာကို ငါအရမ်းမုန်းတာပဲ ငါသူရဲ့စိတ်ပျက်စရာကောင်းတဲ့ ဖားပြုတ်မျက်လုံးကိုအနီးကပ်ကြည်ဖူးချင်တယ် အဲ့တာမှ သူဘယ်လောက်ရုပ်ဆိုးလည်းဆိုတာကို ပင်စီ ငါ နင်ကိုပြောပြနိုင်မှာ"

Drarry one shots collectionDonde viven las historias. Descúbrelo ahora