[A/N This takes place in 3rd years ]
ယခုနေ့ဟော့ဝပ်မှာ အရင်နေ့များနှင့်မတူတမူထူးခြားနေလေသည်။အထူးသဖြင့် ဒရေဂိုမက်ဖွိုင်အတွက်ပေါ့။ယနေ့တွင် သူချစ်မြတ်နိုးရသောထိုအမျိးသား ထူးခြားစွာဖြင့်ရှင်ကျန်ရစ်ခဲ့သောကောင်လေး မိုးကြိုးသဏ္ဍန်အမှတ်ရှိကာ မျက်ဝန်းစိမ်းလေးနှင့်ထိုကောင်လေး အားဖွင့်ပြောမည်ဖြစ်ရာ လက်ချောင်းကလေးများအေးဆက်လျက် နှလုံးခုန်ရပ်မတန် ရင်ခုန်စိတ်လှုပ်ရှားနေခဲ့သည်။
ဟောခန်းထဲမှ မနက်စာစားနေချိန်ဖြစ်သည့်အတွက် ကျောင်းသားများအားလုံးမှာလည်း သူအလုပ်နဲ့သူအလုပ်များနေသည့်မို ကံကောင်းစွာဖြင့် သူပြောင်းလည်းမူကိုမည်သူမှမရိပ်မိပေ။ဒရေဂိုစိတ်သက်သာလိုသက်သာငြာ စလေးသရင်းစာပွဲကနေ သူရဲ့ရှေ့ရှိဂရင်းဖင်းဒေါလ်စားပွဲတွင်သူအားနောက်ကျောပေး၍ထိုင်ကာ နီကြောင်ကြောင်ကောင်တို့နဲ့ပြုံးရယ်နေသောထိုလူသားအားစိုက်ကြည်မိလိုက်ရာ တည်ငြိမ်စပြုနေသောနှလုံးခုန်သံမှာ ယုန်ပေါက်လေးသဖွယ်ပို၍ပင်မြန်စွာခုန်ပေါက်လာလေသည်။
ဒရေဂို ဟယ်ရီအားစိုက်ကြည်နေမိချိန်မှာပဲ ဂရင်းဖင်းဒေါလ်စားပွဲရဲ့ဟယ်ရီရဲ့မျက်နှာချင်းဆိုင်တွင်ထိုင်နေသော ဝေစလင်ညီမဖြစ်သည့်ဂျင်နီမှာဟယ်ရီကိုကြည်ကာပြုံးနေသည်ကို တွေ့သောအခါမျက်မှောင်ကြုံမိသွာ၏။နှုတ်မှလည်းဒေါသသံကဲ့သို့ အသံတိုတိုဖြင့်
"ဝေစလင်.."
ဒရေဂိုထိုဆံနီအမျိုးသမီးကိုမနှစ်သက်ပေ။အထူးသဖြင့် သူမ ဟယ်ရီအပေါ် ကြည်တဲ့အကြည်ကိုပေ။ထိုအမျိုးသမီးနှင့်ဟယ်ရီသည် ကျောင်းသားများ၏ပါးစပ်ဖျားတွင်ရေပန်းစားလှသောအကြောင်းအရာဖြစ်သည့် လျှိုဝှက်ခန်းစွန့်စားခန်းပြီးသွားပြီးနောက် ပို၍ခင်မင်ရင်းနှီလာခဲ့သည်။
ဒရေဂို ဟောခန်းထဲကနေထွက်သွားတော့မည်ဖြစ်သည့် ဟယ်ရီတို့အုပ်စုကိုတွေ့သောအခါ ထိုင်နေရာမှလျင်မြန်စွာထကာ ထွက်သွားတော့မည်ဖြစ်သော ထိုလူသား သူချစ်မြတ်နိုးရသောသူ၏နာမည်ကိုခေါ်လိုက်သည်။
"ပေါ်တာ!"
သူခေါ်လိုက်သည်နှင့် မျက်ဝန်းစိမ်းလေးဖြင့်လှည့်ကြည်လာကာသူပြောမည်ကိုနာထောင်းနေသော ဟယ်ရီကိုတွေ့သောအခါ ပြောမည်စကားကိုအရဲစွန့်ကာပြောရန်ပြင်နေစဉ်ချိန်တွင် သူစိုက်ကြည်နေမိသောထိုမျက်ဝန်းစိမ်းလေးမှာ စိတ်မရှည်တော့သည့်ပုံစံဖြင့်မျက်မှောင်ကြုံလျက်

KAMU SEDANG MEMBACA
Drarry one shots collection
Fiksi Penggemarယခုဟာက drarry one shots collection ဖြစ်တဲ့အတွက်ကြောင့်မို့ jkရဲ့ဝတ္ထုနဲ့ကွဲလွဲတာတွေပါနိုင်ပါတယ်။ Draco နဲ့ Harry တစ်နည်း Harry potter ရဲ့သရုပ်ဆောင်နှစ်ယောက်ဖြစ်တဲ့ Tom နဲ့ Daniel ကိုship ချင်တဲ့အတွက်ကြောင့်ရယ် သူတို့အတွက်သီးသန့် ချစ်စဖွယ်romatic sce...