Just friend(final part)

1.4K 147 13
                                    

ရှုပ်ထွေးပွေလီဆူညံသောလူအုပ်ကြီးကို လစ်လျူရှုလျက် ထိုဆူညံသံတွေနဲ့ဝေးရာ နေရာသို့ထွက်လာချင်မိသည်။ပြိုင်ပွဲအကြောင်းများပြောလိုက်၊မျှဝေလိုက် ပျော်ရွှင်နေသောလူများသည် သူကိုမြင်ကြပုံမပေါ် သူတို့ဘာသာသူအလုပ်များနေကြဟန် ရှိနေကြသည်။ထိုသည်လည်းတမျိုးပင် ကောင်ပေသည်။ကြီးမြတ်လှကာ တစ်လောကလုံး ဖိတ်ဖိတ်တုန်အောင်ကြောက်ရွံ့ကြသောဗိုသာမော့ဖြင့် ယှဉ်နိုင်သောသူသည် ယခုကဲ့သို့ချစ်ရေးချစ်ရာကိစ္စကြောင့် မျက်ရည်မျက်ခွက်ဖြစ်နေသည်ကို မြင်နိုင်မည်မဟုတ်ပေ။

"ဟယ်ရီ"

သူဒီလောက် အတန်အတန်သတိထားပါလျက် ပတ်ပင်ရှောင်မှတည့်တည့်ပင် ဟာမွန်နီနှင့်လာတိုးနေသည်။သူ ဟာမွန်နီအား ခေါင်းငုံနေရာမှ အသာမော့ကြည်လိုက်သော သူအကြည်နှင့်သူမ၏အပြုံးရောင်သမ်းနေသောမျက်ဝန်းနှင်စက္ကန့်ခန့်မျှဆုံသွားသော်လည် သူဒီပမွားကိစ္စလေးကြောင့်သူမကိုစိတ်ဒုက္ခမပေးချင်။

အမှန်တော့ မကြာသေးမှီကငိုကြွေထားသော သူမျက်နှာကို အခင်းဆုံးမိန်းကလေးသူငယ်ချင်ကိုမပြချင်တာကြောင့် သူချက်ချင်းပင်ခြေလမ်းတန်ကာ လှည်ထွက်လာခဲ့သည်။

ဟာမွန်နီစာကြည်တိုက်ကအပြန် ရွန်ကိုစောင့်နေစဉ် ဟယ်ရီသူမရှိရာသို့လျှောက်လာသည်ကို တွေ့လိုက်ရသည်။သူမသူငယ်ချင်း ဒီအချိန်ဆိုသူချစ်တဲ့ကောင်လေးနဲ့အဆင်ပြေကာပျော်ရွှင်နေလိမ့်မည်ဟု မျော်လင့်ထားကာ အပြုံများနှင့်ကြိုဆိုလိုက်သော်လည်း သူမ မှန်းချက်နှင့်နှမ်းထွက်မကိုက်စွာဖြင့် ခြောက်သွေ့စပြုနေသောမျက်ရည်စများနှင့်ဟယ်ရီမှာ သူမကိုတွေ့သည်နှင့် လှည့်ထွက်သွားသည်ကိုတွေ့သောအခါ သူမသူနောက်သို့လိုက်သွားရန်သာဆုံးဖြတ်လိုက်သည်။

သူမဟယ်ရီနောက်သို့ စိုးရိမ်းတကြည်ပြေးလိုက်သွားလိုက်ကာ ဟယ်ရီဝင်သွားသော အခန်းရဲ့နောက်သို့ ထပ်ကြမ်မကွာ လိုက်ဝင်လိုက်သည်။ဘေစင်ရေဘုံပိုက်ခေါင်မှဒလဟောကျလာသော ရေကြည်ကြည်များဖြင့် အရှေ့ကမှန်ပြောင်ကိုကြည်လိုက် သူမျက်နှာကိုသစ်လိုက် ထပ်ကာထပ်ကာလုပ်နေသည်ကို တွေ့လိုက်ရသည်။ဤအခန်းသည် သူမတို့သူငယ်ချင်းသုံးယောက် ဒုတိယနှစ်တုန်းက ပိုလီဂျူ ဆေးရည်(သောက်သုံးသူသည် အခြားသူတစ်ယောက်အဖြစ်သို့ ထိုလူ၏ဆံနွယ်စကိုထည့်လိုက်ရုံဖြင့် ယာယီပြောင်းလည်းနိုင်သည်ဆေးရည်)ကိုလူမသိအောင်ကျိုခဲ့သောအခန်းဖြစ်သည်။

Drarry one shots collectionDove le storie prendono vita. Scoprilo ora