[Unicode]"𝐒𝐩𝐫𝐢𝐧𝐠 𝐃𝐞𝐚𝐝 𝐋𝐞𝐚𝐯𝐞𝐬 - နွေဦးရွက်ကြွေ"
"ပတ်ခ်ထယ်ယောင်းဆိုတဲ့သူ့ကို တစ်လောကလုံးရှေ့မှာရက်ရက်စက်စက်ချစ်ပြမှာမို့ မင်းမလိုချင်တဲ့သူ့ကို ငါ့ဆီသာပေးလိုက်"
_Park Ji Min_
"ပတ်ခ်ထယ်ယောင်းရဲ့အရာအားလုံးကစောက်ရမ်းကောင်းတယ်...အထူးသဖြင့် မင်းလဲနမ်းဖူးမယ့်အဲ့နှုတ်ခမ်းလေးတွေလေ...အော်...ပြီးတော့ ငါတစ်ယောက်တည်းသိတဲ့အရာရောပဲ...ဟက်!"
_Jeon Jungkook_
"နွေဦးသစ်ရွက်ကြွေချိန်မှာတော့ ငါချစ်တဲ့မင်းနဲ့အတူရှိချင်တယ်"
_Kim Tae Hyung_
_____________________________________
"သတို့သားကအသေကောင်လား ဟမ်!မျက်နှာကဘာလို့အဲ့လောက်ထိဖြူဖျော့နေတာလဲ။မသိရင်ခဏနေသေတော့မယ့်လူမမာလို"
ကြားလိုက်ရပါသောစကားကြောင့် ထယ်ယောင်းကိုယ်လေးမတ်ကနဲဖြစ်သွားရသည်။လူကြီးစုံရာအရှေ့မှာဖြစ်နေတာတောင်၊ သူ့မိဘတွေရှိနေတာတောင် ဘယ်လိုပြောထွက်တဲ့စကားလဲ။ ဒါဟာရိုင်းလွန်းနေတာမလား။
လေသံကလဲအထက်စီးဆန်ပြီးတင်စီးနေသေးသည်မို့ ထယ်ယောင်းစိတ်ထဲလုံးဝမကြည်တော့ပါ။သူနဲ့လက်ထပ်တဲ့သူဟာ သူ့ကိုမကြည်ဖြူရင်တောင် သထှာတာမျိုးပဲလိုချင်မိသည်။ဒီလိုပုံစံနဲ့တော့ မဟုတ်သေးပါဘူး။
"ကျွန်တော်သာအသေကောင်ဆိုခင်ဗျားရှေ့မှာထိုင်နေပါ့မလား။စကားအပြောအဆိုဆင်ခြင်ပါ"
"ဟား...မင်းရဲ့အပြောအဆိုကရောဘာလို့အဲ့လောက်ထိခက်ထန်နေတာလဲ။ကိုယ့်အခြေအနေနဲ့မှမလိုက်မဖက်"
"မင်း!"
သူ့အခြေအနေအား လှောင်ရယ်ပြုသယောင်စကားကြောင့် ဒေါသထွက်ကာ မတ်တပ်ထရပ်မိသည်။
"သားထယ်ယောင်း...စိတ်ထိန်းပါကွယ်...မင်္ဂလာယူတဲ့နေ့မှာ ဒီလိုစကားမများကြပါနဲ့...အန်တီကပဲတောင်းဆိုပါတယ်...သားငယ်ကလဲအပြောအဆိုမတတ်တဲ့သူမို့သည်းခံပေးပါ"
ပြာပြာသလဲဖြင့်ဝင်ပြောလာသည့်တစ်ဖက်မှသတို့သားရဲ့မိခင်။တစ်ဆက်တည်းပဲသူ့သားအားကာကွယ်ပြီးပြောသွားသေးသည်။တစ်ကယ်ဆို သူ့သားကိုတစ်ခုခုပြောသင့်တာမလား။
YOU ARE READING
"𝐒𝐩𝐫𝐢𝐧𝐠 𝐃𝐞𝐚𝐝 𝐋𝐞𝐚𝐯𝐞𝐬 - နွေဦးရွက်ကြွေ"