သူနဲ့ စပြီးတွေ့ခဲ့တဲ့နေ့က....
Carnationတွေဟာ သိပ်ကို
လှပနေခဲ့တယ်....နေရောင်ခြည်နွေးနွေး
ဖြာကျနေတဲ့ ဆောင်းဦးရာသီရဲ့
မနက်ခင်းလေးဟာ သူနဲ့
လှလှပပကို တွေ့ဆုံခွင့်ပေးခဲ့တာ....အဲဒီနေ့ကျမှ ထူးထူးခြားခြားလှ
နေတဲ့ Carnationတွေကို ငါအခု
အချိန်ထိ မှတ်မိနေတုန်းပဲ 'အချစ်'ရေ..အရာအားလုံးထက် အနှိုင်းမဲ့တဲ့အဲဒီနေ့
စွဲလေးနဲ့..
အချစ်ရယ်..ငါရယ်..
Carnationတွေရယ်
ပါဝင်နေတဲ့ ဒီ Diaryလေး..ကို
အမည်လေး တစ်ခုတပ်ခဲ့တယ်...'Carnation Diary'....တဲ့...။