Carnation Diary-1

617 58 0
                                    

"ဖိုးဖိုးကြီး.....ဖိုးဖိုးကြီး...ငယ်ငယ့်ကိုဒီစာအုပ်ဖတ်ပြ‌..."

ပန်းနုရောင် အင်္ကျီအဆင်းကြားလေးကိုဝတ်ဆင်‌ထားတဲ့ ကလေးငယ်ဟာ ကုတင်ပေါ်ကခပ်လျော့လျော့ ထိုင်နေတဲ့အဖိုးဆီကို စာအုပ်ဖတ်ပြဖို့ တောင်းဆိုနေသည်...။

စာအုပ်ကလည်း ဒိုင်ယာရီစာအုပ်လေးတစ်အုပ်...အတိအကျပြောရရင်
သိပ်သိပ်သည်းသည်းနဲ့ နင့်နင့်နဲနဲကို ဆက်နွယ်ခဲ့ဖူးသော တစ်စုံတစ်ဦးရဲ့အပိုင်....။

"ဖိုးဖိုးရဲ့ မြစ်ကလေးက ဒီစာအုပ်ကိုအတော်ပဲစိတ်ဝင်စားနေတာလား...သားငယ်လေးကခုမှ ငါးနှစ်ပဲရှိသေးတာကို
ဒီအချစ်ဇာတ်လမ်းတွေ နားထောင်ချင်နေတယ်ပေါ့"

"ဖိုးဖိုးကြီးကလဲ...ငါးနှစ်သားအရွယ်ကလေးက
ဒီလိုစာအုပ်မျိုးကို မဖတ်ရဘူးလို့
ဥပဒေထုတ်ထားလို့လား
အဲ့ကြောင့် ငယ်ငယ်ကဖိုးဖိုးကြီးကိုဖတ်ခိုင်းတာလေ ငယ်ငယ်ဖတ်လို့လား"

"ဟားဟားးးလူလည်ကောင်လေး"

ငါးနှစ်အရွယ်နဲ့မလိုက်အောင်
တာတာမြည်တဲ့
မြစ်ဦးလေးက သူ့လို၈၇နှစ်အရွယ် အဖိုးကြီးအတွက်
အပျင်းပြေစကားပြောဖော်လေး...။

"ကဲ..လာဖိုးဖိုးကြီးဆီကို...."

ကလေးလေးကို ရင်ခွင်ထဲပွေ့ထားရင်း
စာအုပ်ပါးလျလျလေးရဲ့
ပထမဆုံးစာမျက်နှာကို ဖွင့်လိုက်တော့......

"အချစ်ရယ်.....
                        ငါရယ်.....
                                     Carnationတွေရယ်....."

                              • • • • • • • • • • •

"သား...မေမေဆိုင်ကိုစိတ်ချမယ်နော်။
မင်းဖိုးဖိုးယူမယ်ဆိုတဲ့ ပန်းတွေရောစည်းပြီးပြီလား"

"ပြီးပါပြီမေမေရယ်...churchက၉နာရီမှ စမှာပါခုက၇နာရီတောင် မထိုးသေးဘူး"

"မေမေက မရောက်ဖြစ်တာကြာပြီလေကွယ်။
ပြီးတော့ လာတဲ့လူတွေကိုလည်းပန်းဝေချင်သေးတယ်သားငယ်ရဲ့"

ဝယ်သူအမြဲကျနေတဲ့ဆိုင်မှာ အချိန်ပြည့်စောင့်နေရတဲ့ မေမေက churchမတက်ဖြစ်တာ တော်တော်ကြာနေပြီ....။

𝘊𝘢𝘳𝘯𝘢𝘵𝘪𝘰𝘯 𝘋𝘪𝘢𝘳𝘺(𝘴𝘩𝘰𝘳𝘵 𝘴𝘵𝘰𝘳𝘺) Where stories live. Discover now