'အဖိုးရဲ့အခြေအနေ ဘယ်လိုရှိလဲဒေါက်တာ'
မေးသာမေးလိုက်ရပေမဲ့ ကုတင်ပေါ်မှာလှဲနေတဲ့ အဖိုးအိုရဲ့ဖျော့တော့တော့ အနေအထားကို မိသားစုဝင်အားလုံး ဝမ်းနည်းစွာ ကြည့်နေမိသည်...။
'စိတ်ကိုကြိုပြီးပြင်ဆင်ထားပါလို့ပဲ
ကျွန်တော်ပြောချင်ပါတယ်'တစ်မိသားစုလုံးက သူ့ကိုဆွဲထားနေပေမဲ့
အဖိုးအိုကတော့ အရာအားလုံးကိုလွှတ်ချထားလိုက်ပုံပင်..။
သူကစောင့်နေမှာလေ..သူနဲ့တွေ့ရတော့မယ်မလား...။အားမရှိတော့တဲ့ လက်အစုံနဲ့ ကုတင်ဘေးကစားပွဲပေါ်မှာတင်ထားတဲ့ ဒိုင်ယာရီစာအုပ်လေးကိုလှမ်းယူရင်း တာတာမြည်လေးကို
တိုးဖျော့ဖျော့လေသံနဲ့ ခေါ်လိုက်တော့
တလှုပ်လှုပ်နဲ့ ကုတင်ဘေးကိုပြေးသွားသည်...။'ဒီစာမျက်နှာပြီးလို့ နောက်တစ်မျက်နှာဆို
ဒိုင်ယာရီလေးဇာတ်သိမ်းပြီ သားငယ်လေး'တိုးညှင်းနေတဲ့လေသံတို့နဲ့ ခပ်ပြုံးပြုံးပြောလာတဲ့ အဖိုးကို ကလေးငယ်ကဖတ်ကာငိုနေတော့ ကြည့်နေရတဲ့သူတွေအဖို့ ဖြေဆည်စရာကို မရှိနိုင်တော့။
'အဖိုးက အပြီးထိဖတ်ပြပေးသွားမယ်နော်
သားလေး''ဖိုးဖိုးကြီးက ဒီစာအုပ်ပြီးသွားရင်အဝေးကြီးကိုထွက်သွားမှာလား..ဒါဆိုသားမဖတ်တော့
ဘူးလေနော်။ဖိုးဖိုးကြီး ဒီတိုင်းဆက်ပြီးရှိနေပေးပါအုံး'ကလေးငယ်ဟာလဲ ခံစားတတ်တာပဲ..။
'ကလေးရယ်...မငိုပါနဲ့ကွယ်
ကဲ..ဒီစာမျက်နှာလေး စလိုက်ကြမယ်နော်'"Larkspurပန်းလေးကပြောတယ်
ငါကမင်းကိုအမြဲကာကွယ်ပေးမှာပါတဲ့....
မင်းရှိတဲ့ရပ်ဝန်းဟာ ငါ့အတွက်အမြဲလုံချုံပြီး
မင်းမရှိတဲ့ရပ်ဝန်းဟာတော့ဖြင့် ငါ့အတွက်အန္တရာယ်သိပ်များလွန်းပါတယ် အချစ်ရယ်"........................................................................
'ဂျေး!!အန်တီဂျေး..ဘယ်လိုနေသေးလဲဟင်
သက်သာရဲ့လား''သက်သာတယ်လို့တော့ပြောတာပဲသားရယ်
ခေါင်းတွေတအားထိုးကိုက်လာတယ်ဆိုပြီးတော့ ကုတင်ပေါ်လူးလိမ့်ငိုနေတာ
အခုတော့ အချဉ်ထုပ်တွေစားနေတယ်
အခန်းထဲမှာရှိတယ်သား သွားလိုက်အုံး'
