'ဖိုးဖိုးကြီး'
'တော်ပြီနော် မိုမို...ဖိုးဖိုးကကျန်းမာရေးကောင်းတာမဟုတ်ဘူးလေ။
သူနားပါစေ..မေမေနဲ့ကစားကြမယ်လာ''ဟာ...ဖိုးဖိုးကြီးကဒီနေ့လဲထပ်ဖတ်ပြမယ်လို့
သားကိုပြောထားတာ'ငါးနှစ်သား တာတာမြည်လေးဟာ ဒီဒိုင်ယာရီကိုမှ စွဲစွဲလန်းလန်း...။
'ဖိုးဖိုးကြီးက နေမကောင်းဘူးလို့ပြောနေတယ်လေ...မေမေ့စကားနားမထောင်တာလားဟမ်'
'မြေးရယ်....ကလေးကိုမဆူပါနဲ့ကွယ်
စာအုပ်လေးဖတ်ပြရုံနဲ့တော့ အဖိုးကလဲမသွားနိုင်ပါဘူး''အဖိုးရယ်..ဒီစာအုပ်ကအဖိုးရဲ့'
'မြေး...ကလေးကဘာမှမသိတာကိုကွယ်
လာပါအုံး သားငယ်လေး
ရဲ့ဖိုးဖိုးကြီးဆီကို'မျက်ရည်ပိုးပိုးပေါက်ပေါက်ကျနေတဲ့ တာတာမြည်လေးက အဖိုးရဲ့အသံကြားတာနဲ့
အဖိုးရင်ခွင်ထဲတန်းခနဲ ရောက်သွားတော့သည်...။'အဖိုးနဲ့တော့ခက်ပါတယ်'
'မြေးက အဖိုးနဲ့ဒီဒိုင်ယာရီကိုအပြီးအထိ
ဖတ်ပေးမှာလား''ဖတ်ပေးမှာပေါ့ဖိုးဖိုးကြီးရဲ့'
'ဖိုးဖိုးရဲ့အလိမ္မာတုံးလေး'
အပြာနုရောင် အခင်းခင်းထားတဲ့ စားပွဲပုလေးဘေးက တန်းလျားမှာထိုင်လိုက်ရင်း
ရောက်ရှိနေဆဲ စာမျက်နှာတစ်ခုကို အဖိုးအိုကလှန်လိုက်သည်...။"ဝေလီဝေလင်း နွေနံနက်ခင်း
ရောင်စုံCosmosပန်းခင်းကြီးကို သက်သေတည်ပြီး နီနီရဲရဲCarnationနှစ်ပွင့်ကလဲ မပါမဖြစ်....
သူပြောခဲ့တယ်.."မင်းကငါ့ရဲ့ပျော်ရွှင်မှုလေးပါ"တဲ့....။
ဖြတ်သန်းခဲ့တဲ့ နွေရာသီတွေထဲမှာ
ဒီနွေဟာ အလှပဆုံး..အနွေးထွေးဆုံး.."• • • • • • • • • • • • •
'အန်တီ ဂျေးရောဟင်'
'အပေါ်ထပ်မှာ သူ့အဖိုးနဲ့ရှိတယ်သား
တက်သွားလိုက်လေ''ဟုတ်ကဲ့အန်တီ...ဒီနေ့လေး
သာယာတယ်နော်''ဟုတ်ပါ့သားရယ်..။သားအတွက်
စတော်ဘယ်ရီတွေအန်တီ
ရေခဲသေတ္တာထဲမှာ ထည့်ထားတယ်နော်
ချိုချိုအေးအေးလေး ယူစားလိုက်'
