'အဖိုး....အဖိုးမြေးခေါ်တာကြားရလား'အဖိုးရဲ့နောက်ဆုံးအချိန်....တစ်မိသားစုလုံးပူဆွေးနေရတဲ့ အချိန်ကိုရောက်နေပြီပေါ့....။
အဖိုးရော နောက်ဆံတင်းနေလား...ဟင့်အင်း...
ဒီလောကကြီးထဲမှာ ရှင်သန်ခဲ့တဲ့အချိန်ကာလတွေက တစ်ဦးသောသူရဲ့ဆန္ဒသေးသေးလေးကြောင့်....။
အခုတော့ သူ့ရဲ့ဆန္ဒတွေကိုဖြည့်ဆည်းပေးပြီးပြီမို့ အဖိုးရဲ့ဆန္ဒတွေပဲ ရှိတော့တယ်....။တဖြည်းဖြည်းရွေ့လျားလာတဲ့ လက်တွေဟာရင်ဘတ်ပေါ်မှာ တင်ထားတဲ့စာအုပ်လေးဆီကို...။
စာအုပ်လေးကို သမီးကြီးဆီကိုကမ်းပေးလိုက်ပုံအရ နောက်ဆုံးစာမျက်နှာကို ဖတ်သွားချင်တာ အဖိုးရဲ့ နောက်ဆုံးသောဆန္ဒဖြစ်လိမ့်မည်..။'ဒီနောက်ဆုံးစာမျက်နှာကိုသမီးကိုဖတ်ပြစေချင်တာလားဖေဖေ..ဖေဖေ့ဆန္ဒကိုသမီး ဖြည့်ပေးပါ့မယ်'
မျက်ရည်ဆက်လက်နဲ့စာအုပ်လေးကို ယူလိုက်ရင်း....နောက်ဆုံးသော စာမျက်နှာကိုလှန်လိုက်ရင်း စကားတစ်ချို့ကိုရေရွတ်လိုက်ရင်း
"ခရမ်းရောင်Violetလေးက ပြောခဲ့တယ်
'ထာဝရနဲ့နောက်ဆုံးသောအချစ်ပါတဲ့'
နီနီရဲရဲCarnationလေးကလဲ ဆိုပြန်တယ်
'တစ်စုံတစ်ယောက်ကို ဘယ်တော့မှမေ့မှာမဟုတ်ဘူးတဲ့"..........................................................
'လော်ရီယာ...
သမီးကပါအလိုတူအလိုပါ ဟွန်းနဲ့လိုက်ပျက်ဆီးနေတာလား..ဟမ်...
နောင်တစ်ချိန် ကိုယ့်ခင်ပွန်းဖြစ်လာမဲ့သူကို တစ်ခြားယောက်ျားတစ်ယောက်နဲ့
ကြည်နူးခွင့်ပေးရတယ်လို့'အန်တီ့ကို ဟွန်းကြောက်သလို လော်ရီယာလဲကြောက်ရသည်...။
ဟွန်းကို ချစ်ပေမဲ့ဂျေးကိုလဲ သနားရပြန်ပါသည်...။
ကိုယ်ချစ်တဲ့သူရဲ့ပျော်ရွှင်မှုဟာ
ကိုယ့်ပျော်ရွှင်မှုပဲမလား...ဟွန်းပျော်ဖို့ဆို သူလဲပေးဆပ်နိုင်တဲ့သူတစ်ယောက်ပါ..။'သမီးဟွန်းကိုမချစ်ဘူးအန်တီ..ဒါကြောင့်လက်ထပ်ပွဲကိစ္စကို သမီးငြင်း!!!'