'' ဝီလီယမ် ''
ရထားအနောက်ဘက်ဆီ ရှောင်ကျန့် ဝင်လာတော့ နေ့လည်စာအတွက် အစားအသောက်တွေ တင်ထားတဲ့ လှည်းတစ်ခုကို တွန်းပြီးထွက်လာတဲ့ ဝီလီယမ်နဲ့ မျက်နှာချင်းဆိုင်ပဲ ဆုံမိတယ်။
'' ပထမတန်းက ခရီးသည်တွေအတွက်က အခုမှပို့ရမှာလား ''
'' ဟုတ်တယ် ပြဇာတ်အဖွဲ့သားတွေဆီတော့ ရောက်ခဲ့ပြီးပြီ ကျန်တဲ့ ခရီးသည်နှစ်ယောက်အတွက် အခုမှသွားပို့ပေးရမှာ ''
ရထားရဲ့ ရိုးရိုးတန်းက ခရီးသည်တွေဆီ နေ့လည်စာပို့ပေးပြီး ပြန်လာတဲ့ ရှောင်ကျန့်အတွက် နေ့လည်တာဝန်နားချိန် ရောက်နေပြီဖြစ်တယ်။အနီးအနားမှာ ဟယ်လန်ကို မတွေ့မိတာမို့ ဝေ့ဝိုက်ကြည့်ပြီး ရှာရတယ်။
'' ဟယ်လန်ကရော ''
'' ဟိုမှာလေ... ပြဇာတ်အဖွဲ့ဆီမသွားချင်ဘူးဆိုပြီး ငါ့ကိုလွှဲချသွားတာ ကြည့်ရတာ ဟယ်လန် ဂျက်ဖ်ဖာဆမ်ကို ငြင်းပစ်ခဲ့တဲ့ပုံ ရတယ် ''
ပြဇာတ်အဖွဲ့ခေါင်းဆောင်ဆိုတဲ့ ဂျက်ဖ်ဖာဆမ်အတွက် စိတ်မကောင်းစရာပါပဲ။ရှောင်ကျန့်က ဝီလီယမ် မေးထိုးပြီး ညွှန်ပြတဲ့ နေရာကို လှည့်ကြည့်မိတော့မှ ဂျက်ဖ်ဖာဆမ် အငြင်းခံလိုက်ရတဲ့ အကြောင်းအရင်းကို နားလည်သွားသလို။
ဟယ်လန်က ခရီးသည်နေရာမှာထိုင်ရင်း မျက်နှာချင်းဆိုင်ခုံက အမျိုးသားနဲ့ စကားပြောနေတယ်။ အဲ့ဒီအမျိုးသားက ဟင်နရီ။
ဖတ်ဖူးတဲ့စာအုပ်အကြောင်းပြောရင်း သိကျွမ်းခဲ့တဲ့ ဟင်နရီက ရှောင်ကျန့်ကိုမြင်တော့ ခပ်ရေးရေးပြုံးပြနှုတ်ဆက်တယ်။ အဲ့ဒီနောက်တော့ ဟယ်လန်နဲ့ ရယ်ရယ်မောမော စကားဆက်ပြောနေတော့တယ်။
ခတ္တနားချိန်မှာ ဟယ်လန်က ဒီလိုနဲ့ ကောင်းကောင်းအနားယူနေပုံပါပဲ။အနားမယူချင်တဲ့ ရှောင်ကျန့်ကသာ ဝီလီယမ်ကို ကူညီပေးဖို့ ဆုံးဖြတ်မိတာ။
'' ကျွန်တော် သွားပို့ပေးရမလား ''
'' အို...အဲ့သည်လိုဆို ငါက အဆင်ပြေတာပေါ့ ''
မငြင်းဆန်တဲ့ ဝီလီယမ်က ဝမ်းသာစွာ ပြုံးရယ်ပြီး လက်ထဲက လှည်းကို ရှောင်ကျန့်ဆီ တွေဝေခြင်းမရှိ တွန်းပို့တယ်။ လှည်းကို လက်လွှဲယူရင်း ရှောင်ကျန့် အလိုက်သင့် ပြန်ပြုံးပြဖြစ်တယ်။
YOU ARE READING
Murder On The Train [ Completed ]
Fanfiction𝐿𝑜𝑣𝑒 𝑐𝑜𝑚𝑒𝑠 𝑤ℎ𝑒𝑛 𝑖𝑡 𝑤𝑖𝑙𝑙 , 𝑛𝑜𝑡 𝑤ℎ𝑒𝑛 𝑖𝑡'𝑠 𝑐𝑎𝑙𝑙𝑒𝑑.