'' ဆိုလိုချင်တာက မင်းက ညစာစားအပြီးမှာ အိပ်ပျော်နေခဲ့တာပေါ့ ''
'' ဟုတ်ပါတယ် သခင်ကြီးသောမတ်ကလည်း ကျွန်တော့ကို အိပ်ခွင့်ပေးခဲ့ပါတယ် ... ကျွန်တော် သခင်ကြီးကို မသတ်ခဲ့ပါဘူး သူက ကျွန်တော်အပေါ် သိပ်ကိုကောင်းခဲ့တာပါ ကိုနန် ''
မက်တရူးက စကားပြောနေရင်း ဝမ်းနည်းရိပ်ယောင်သန်းနေတဲ့ မျက်လုံးတွေနဲ့ ကိုနန်ကိုကြည့်တယ်။လူအကဲခတ်တဲ့နေရာမှာ ကျွမ်းကျင်တဲ့ စုံထောက်ကိုနန်ကတော့ အဲ့ဒါတွေဟာ အစစ်မှန်လား အတုယောင်လား ခွဲခြားနိုင်ပါတယ်။
'' မစ္စတာသောမတ် ဘာလို့များ မော်စကိုကို သွားရသလဲ ပြောပြနိုင်မလား ''
'' သိပ်ပြောပြနိုင်တာပေါ့ သခင်ကြီးက မော်စကိုမြို့ရဲ့ ပထမဆုံးပုပ္ပလိက ဘဏ်လုပ်ငန်းတစ်ခုနဲ့ လက်တွဲဖို့ သွားရတာပါ ''
'' ဟုတ်ပြီ ဒါဖြင့် အဲ့ဒီကိစ္စကို မအောင်မြင်စေချင်တဲ့လူများရှိနေမလား ခင်ဗျားစဥ်းစားကြည့်ပါဦး ''
'' အဲ့သည်လိုတော့ မရှိပါဘူး အဲ့ဒီကိစ္စကို သခင်ကြီးက ဘယ်သူကိုမှ ပေးမသိစေခဲ့တာ အတွင်းလူယုံတွေကလွဲရင် ''
'' ဒါဆို မက်တရူး ဒီရထားပေါ်မှာ မစ္စတာသောမတ်နဲ့ ပဋိပက္ခဖြစ်ဖူးတဲ့လူများ ပါသလား ''
မက်တရူးက မျက်ခုံးတွေကွေးပြီး အနည်းငယ်စဥ်းစားလိုက်တဲ့ဟန် ပြုတယ်။ ကိုနန်က ဒါကိုစိုက်ကြည့်နေပြီး တိတ်တဆိတ်စောင့်ဆိုင်းနေလိုက်တယ်။
'' တစ်ဖက်အခန်းက မစ္စတာဝမ်
သူနဲ့သခင်ကြီးက ကျောက်မျက်ရတနာလေလံပွဲတစ်ခုမှာ ပဋိပက္ခဖြစ်ဖူးတယ် ''ဒီတစ်ခါ မျက်ခုံးတွေကွေးသွားသူက ကိုနန် ကိုယ်တိုင်သာဖြစ်ခဲ့ပါတော့တယ်။
.
.
.
.'' အဘိုးက ဒီဘူတာမှာ ရထားကိုရပ်တာနဲ့ပတ်သတ်ပြီး ကန့်ကွက်ခဲ့တဲ့ တစ်ယောက်သောသူလို့ ကျွန်တော်ကြားတယ် အဲ့ဒါဟုတ်လား ''
'' ဟုတ်တယ် ငါမော်စကိုကို အမြန်ရောက်ဖို့လိုတယ် ''
အဘိုးအို အန်တိုနီက လေသံမာမာနဲ့ပဲ ကိုနန့်ကို တုံ့ပြန်တယ်။ကိုနန်ကတော့ အပြုံးတစ်ချက်မပြတ်။
အန်တိုနီလို လူအိုတွေဆိုတာ အသက်ကြီးသလို ဒေါသလဲကြီးကြတာကိုး။
ŞİMDİ OKUDUĞUN
Murder On The Train [ Completed ]
Hayran Kurgu𝐿𝑜𝑣𝑒 𝑐𝑜𝑚𝑒𝑠 𝑤ℎ𝑒𝑛 𝑖𝑡 𝑤𝑖𝑙𝑙 , 𝑛𝑜𝑡 𝑤ℎ𝑒𝑛 𝑖𝑡'𝑠 𝑐𝑎𝑙𝑙𝑒𝑑.