ဤဇာတ်လမ်းတွင် ပါဝင်သော အကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးသက်သက်သာ ဖြစ်သည်။
...........
ခရစ်နှစ် ၁၈၇၀ ခုနစ်။
( ဗစ်တိုးရီးယားဘုရင်မ လက်ထက် ၊ ဗစ်တိုးရီးယားခေတ် )။အင်္ဂလန်နိုင်ငံ ၊ လန်ဒန်မြို့။
အချိန်အားဖြင့် လန်ဒန်မြို့ပြရဲ့ စက်တင်ဘာလ ၁ပထမဆုံး ရက်သတ္တပတ်ရဲ့ ပထမဆုံးနေ့မှာ အရှည်လျားဆုံး နိုင်ငံကူးရထားလမ်း ( လန်ဒန် - မော်စကို )
ကို ဗစ်တိုးရီးယားဘုရင်မက စတင်ပြေးဆွဲခွင့်ထုတ်ပြန်ခဲ့တယ်။ဒီနေ့အတွက် လန်ဒန်မြို့ရဲ့ ဘူတာထဲ စင်္ကြန်နံပါတ်တစ်ဟာ လူအစည်းကားနေဆုံးဖြစ်တယ်။ လူတွေရဲ့ လှုပ်ရှားသံနဲ့ စကားသံတွေ ပြည့်နှက်နေပြီး အချင်းချင်းပွေ့ဖက် နှုတ်ဆက်နေကြတဲ့သူတွေလဲ ရှိနေသေးတယ်။
ရက်နေ့။
ပထဆုံး ပြေးဆွဲတဲ့ မော်စကိုသို့ ခရီးနှင်မယ့် ရထားပေါ်မှာတော့ လိုက်ပါမယ့်သူ သိပ်မများသော်ငြား စင်္ကြန်မှာ ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေခဲ့တဲ့ ရှောင်ကျန့်မှာ စိတ်လှုပ်ရှားမှု အပြည့်နဲ့သာဖြစ်နေတယ်။'' ဘယ်လိုလဲ... ပထမဆုံးအလုပ်ဆင်းရတဲ့နေ့အတွက် စိတ်လှုပ်ရှားနေပြီလား ''
ရှောင်ကျန့်ရဲ့ အနားရောက်လာတဲ့ ဆံဝါရောင်တွေနဲ့ အမျိုးသမီးလေးက တက်တက်ကြွကြွပဲ။ သူမရဲ့ခေါင်းပေါ်က အနီရောင်ဦးထုပ်လေးကို ပြောရင်းနဲ့ပဲ ပြင်ဆင်တယ်။
'' ဟုတ်ကဲ့... ကူညီပေးပါဦး... ဒီက ''
'' ဟယ်လန်ပါ ရှောင်ကျန့်မဟုတ်လား
ခေါင်းဆောင်က ပြောထားလို့ ရှင့်အကြောင်းကြားပြီးနှင့်ပါပြီ '''' တွေ့ရတာဝမ်းသာပါတယ် ဟယ်လန် ''
'' အင်း တစ်လမ်းလုံး တူတူရှိရမှာမို့လို့ ခင်ခင်မင်မင်ပေါ့ ဟုတ်ပြီလား... တို့ ရထားပေါ်တက်နှင့်တော့မယ်.. ''
သေသေသပ်သပ်ဖြစ်သွားအောင်
ခရီးဆောင်အိတ်ကြီးကြီးတစ်လုံးကို ဆွဲပြီး ရထားပေါ်တက်သွားနှင့်တဲ့ ဟယ်လန်က ရှောင်ကျန့်လိုပဲ
ရထားစောင့်ဝန်ထမ်းမလေး ဖြစ်တယ်။ဒါပေမယ့် ဒီနေ့မှ အလုပ်စဆင်းရတဲ့ ရှောင်ကျန့်ထက်တော့ ဟယ်လန်ဆိုတဲ့ အမျိုးသမီးလေးက အလုပ်အတွေ့အကြုံ ပိုများမှာတော့ အသေချာပေါ့။
YOU ARE READING
Murder On The Train [ Completed ]
Fanfiction𝐿𝑜𝑣𝑒 𝑐𝑜𝑚𝑒𝑠 𝑤ℎ𝑒𝑛 𝑖𝑡 𝑤𝑖𝑙𝑙 , 𝑛𝑜𝑡 𝑤ℎ𝑒𝑛 𝑖𝑡'𝑠 𝑐𝑎𝑙𝑙𝑒𝑑.