>Zawgyi pro<
နောက်တစ်နေ့နံနက်🌞
ရောင်နီသမ်းလာပြီမို့ အိပ်ခန်းအနီးရှိ ထင်းရှူးအမျိုးအစားသစ်ပင်ရှည်ပေါ်တွင် ရှိနေသော ငှက်သိုက်လေးထဲမှ ငှက်၀ါစာကလေးများ၏ တကျိကျိအသံဟာ သာယာစွာထွက်ပေါ်လာခဲ့ပြီ။
ပြတင်းပေါက်မှန်အကြည်မှတစ်ဆင့် နေရောင်ခြည်နုနုဟာ ကုတင်ထက် ခြေကားယားလက်ကားယားအိပ်မောကျနေသူထံ ငြင်သာစွာ ဆင်းသက်သွားခဲ့၏။
မျက်မှောင်တို့အားကျုံ့လျှက် မျက်နှာတစ်ယောက် ကျရောက်နေသောနေရောင်အား လက်တစ်ဖက်ဖြင့်ကာရင်း ကျန်လက်တစ်ဖက်မှ တစ်စုံတစ်ခုအား လိုက်လံစမ်းကြည့်နေသည်။
"နိုးနေရင်လဲထပါတော့ မောင်တော်ဘုရား"
စကားသံသေးသေးလေးက ရိပေါ်၏နားစည်မှ ပဲ့တင်ရိုက်ခတ်သွားကာ မျက်စိအစုံက ဖျက်ခနဲပွင့်လာခဲ့သည်။
ခါးထောက်ကာ ကြည့်နေသူက အခုမှရေချိုးပြီးကာစမို့ထင်၊ မျက်နှာတစ်ပြင်လုံး ကြည်လင်ရှင်းသန့်နေကာ နှာဖူးမှ ကျနေသည့်ဆံသားတို့က အနည်းငယ်ရေစိုနေ၏။
လက်ထဲတွင်လဲ ရေခဲတုံးအပြည့်ထည့်ထားသည့် ဖန်ခွက်အားကိုင်ကာ။
သူသာ အမြန်နိုးမလာခဲ့ရင် ဒိရေခဲတုံးက ရိပေါ်ကိုယ်ပေါ်ရောက်ကာ အရည်ပျော်မှာ သေချာသည်။"ကိုကို့....."
ထိုးထိုးထောင်ထောင်ဆံပင်များရှိသည့်ခေါင်းအား တစ်ချက်ခါလျှက် လက်နှစ်ဖက်ကိုဆန့်ကာ ရှောင်းကျန့်အား ဖက်မည်အပြုတွင်
"ရေအရင်သွားချိုး.."
"မောနင်းကစ်စ်စ်"
"အင်္ကျီသွားပြန်တောင်းပြီးမှ ပေးမယ်"
ကြက်ကြီးလည်လိမ်ထားသလိုမျက်နှာဘေးနှင့်၀မ်ရိပေါ်ဟာ ရှောင်ကျန့်အား သနားစရာပုံစံလေးဖြင့်ကြည့်လေတော့
"မွ!"
ပါးပြင်သို့ ထိကပ်သွားသော ခပ်နွေးနွေးအထိအတွေ့ကြောင့် ရိပေါ်မျက်နှာ ပြန်လည်၀င်းပသွားတော့သည်။
"ဟီး ဟီး အဲ့တာကြောင့် ကိုကို့ကိုချစ်တာ"
"ဖြေးဖြေးသွား ချော်လဲမယ်
ရေအကြာကြီးမချိုးနဲ့နော် ခေါင်းလျှော်ရင် သေေဆံပင်ကို တဘက်နဲ့ သေသေချာချသုတ်"
![](https://img.wattpad.com/cover/304299010-288-k371087.jpg)
VOUS LISEZ
🌸MY FIRST LOVE🐇 (Completed)