Unicode
"ချန်ကော...မားမား
ယန်လီကျဲ"ရှောင်ကျန့် အိမ်သို့ ရိပေါ်နှင့် ရှောင်ကျန့် ရောက်သည်နှင့် ဧည့်ခန်းငယ်တွင် ထိုင်နေသော သူ၏ မိသားစုဝင်သုံးဦး၊ ဝမ်နင်လဲ အဆစ်ပါသေးသည်။
"အငယ်လေး ယုံမလားတော့ မသိပေမဲ့...
ကောချန် မျက်လုံးနဲ့ကိုယ်တိုင်တွေ့ခဲ့တာ "ရိပေါ်နှင့် ရှောင်ကျန့်က လွတ်နေသည့်နေရာတွင် ဝင်ထိုင်လိုက်တော့ ကျန်းချန်မှ စကားစလိုက်သည်။
"ဘယ်သူကို တွေ့ခဲ့တာလဲ ကောချန်"
"ပါးပါး!"
"ဗျာ!.."
ရှောင်ကျန့်က ကြောင်အနေတော့ ကျန်းချန်က ဆက်ပြောသည်။
"ချန်ကော ပါးပါးကို တွေ့ခဲ့တာ
အဲ့လူက အနောက်တိုင်းဝတ်စုံဝတ်ထားပေမဲ့
ပါးပါးနဲ့ချွတ်စွတ်တူတာ အငယ်လေးရဲ့
အရင်လို နှုတ်ခမ်းမွှေးမရှိတော့ပေမဲ့ ပါးပါးမှပါးပါး"မားမား ယန်လီကျဲ နဲ့ဝမ်နင်က နှုတ်ဆိတ်နေသည်။ သူတို့လဲ သိပြီးပီပေါ့။
"ဘယ်မှာတွေ့လိုက်တာလဲ ချန်ကော"
"ချန်ကော အလုပ်လုပ်တဲ့ ရုံးမှာ...
ကျွန်တော်ခုနမှတွေ့လိုက်တာ တကယ်ပါမား
ခုကနေ့လည်စာစားချိန်မို့ အိမ်ပြန်လာတာ..
အခု သွားတော့မယ်"ကျန်းချန်က သွားလေရာမှာလိုတရအိတ်လို ယူသွားလေ့ရှိတဲ့ လက်ဆွဲအိတ်ရှည်အား ယူကာထွက်သွားတော့သည်။ ခနကြာတော့ ဝမ်နင်က sweet coffeeဆိုင်သို့ ပြန်သွားသည်။
"အယ်!.... သားရောက်နေတာ အန်တီက သတိမထားမိဘူးရယ်
ကော်ဖီဖျော်ပေးမယ် ခဏ"ခုနက ပါးပါးအကြောင်းပြောတော့ မှိုင်နေသည့်မျက်နှာက ရိပေါ်အား တွေ့သည်နှင့် ချက်ချင်းပြုံးကျသွားကာ ကော်ဖီတွေတောင် ဖျော်ပေးဖို့ မီးဖိုခန်းထဲဝင်သွားတော့သည်။
"အဟမ်း! ဒီက မောင်လေးက ချောလိုက်တာနော်
ဘယ်နေရာမှာ မြင်ဖူးသလဲလို့..."မိသားစုဝင်အားလုံး အလျှိုအလျှို ထွက်သွားကြပေမဲ့ ရိပေါ်အား ငမ်းကောင်းနေသော ယန်လီကျဲက သွားကြီးဖြီးလို့။
![](https://img.wattpad.com/cover/304299010-288-k371087.jpg)
ESTÁS LEYENDO
🌸MY FIRST LOVE🐇 (Completed)