Part -3

1.1K 66 5
                                    

Unicode

"လွှတ်ပေးအုံး အသက်ရှူ ကျပ်တယ်!"

ရင်ခွင်ထဲမှ အသံပိစိ ထွက်လာတာကြောင့် ရိပေါ်ကလွှတ်ပေးလိုက်သည်နှင့် ရင်ဘတ်အား တစ်ချက်ထုကာ
ကားတံခါးကို ခြေထောက်ဖြင့်ကန်ဖွင့်၍ ထွက်သွားတော့သည်။

ရှောင်ကျန့် ကားအသစ်ကြီးနှင့် ကားထဲမှ လူဆိုးကောင်အား တစ်ချက်ကြည့်ကာ ဆိုင်ထဲသို့ အမြန်ဝင်လိုက်သည်။
ဒီကောင်လေးက အသက်သာ သူထက်ငယ်ပြီး
လူကောင်ကတော့ သူ့ထက်နှစ်ဆလောက်ရှိသည်။
မနဲ သူ့လက်က လွှတ်အောင် ရုန်းလာရတယ်။

ရိပေါ် ခပ်ပြုံးပြုံးဖြင့် ထွက်သွားသူ၏ အနောက်မှ လက်ပိုက်၍ ကားသော့အား ဘောင်းဘီအိတ်ကပ်ထဲ ထည့်ကာ coffeeဆိုင်လေးအတွင်းသို့......

"အိမ်တစ်ခါပြန်တာလဲ ကြာလိုက်တာ
သေနေပြီထင်နေတာ ခွေးကောင်လေး!"

Sweet coffee ဆိုင်လေး၏ ဆိုင်တံခါးအား ဖွင့်ဝင်လိုက်သည်နှင့် ဝမ်နင်၏ တစ်နေ့တစ်မျိုး မရိုးရသော ဆဲသံလေးက ထွက်ပေါ်လာတော့သည်။

သို့သော် ၀မ်ရိပေါ်ကတော့ ငှက်ခါးလိုအသံကြောင့် မျက်မှောင်ကျုံ့သွား၏။

"ငါ့ကိုကို ကိုမဆဲနဲ့!"

"ဘာကွ!"

ရှောင်ကျန့်က ဝမ်နင်၏ အဆဲများအား ကြားရသည်မှာ ရိုးနေပြီဖြစ်သော်လည်း အခုမှ ကြားရသော ရိပေါ်က တကယ်ကို စိတ်ကသိကအောက်ဖြစ်မယ်ဆိုတာ ရှောင်းကျန့် ရိပ်မိလိုက်သည်။

"ခင်ဗျားကြီးက တအားရိုင်းတာပဲ
ကိုကိုသာ ဒီဆိုင်မှာ မရှိရင် ခင်ဗျားဆိုင်ကို
ဘယ်သူမှ ကော်ဖီလာဝယ်မှာမဟုတ်ဘူး"

"ဒီခွေး!"

"အာ.. တော်လောက်ပြီ
ရိပေါ် ဟိုခုံမှာသွားထိုင်နေ "

ပိုမိုပြင်းထန်လာသည့်ရန်ပွဲကြောင့် ရှောင်ကျန့်က ဒိုင်လူကြီးနေရာမှ ဝင်တားလိုက်ရသည်။
ဝမ်နင်သည် ဒေါသထွက်လျှင် နီးရာပစ္စည်း ပစ်ပေါက်၍ စိတ်ဖြေတတ်သောကြောင့် ကောင်တာတွင်ရှိသော coffee cupလေးများအား ခွဲပစ်မည်စိုးရသည်။

အခြေအနေက တည်ငြိမ်သွားပေမဲ့ ရိပေါ်နှင် ဝမ်နင်က မျက်လုံးချင်းစစ်တိုက်နေသည်။
ဝမ်နင်က Berry cake ခွဲနေသောကြောင့် ရှောင်ကျန့်ကတော့ အကျွမ်းကျင်ဆုံး ice coffee ကိုသာ ဖျော်စပ်နေလိုက်သည်။

🌸MY FIRST LOVE🐇 (Completed)Waar verhalen tot leven komen. Ontdek het nu