Unicode
"ကိုကို!"
ထွက်ခွါသွားသော ကားပေါ်မှ ရွှယ်ရန်အား လက်ပြနှုတ်ဆက်နေသည့်ရှောင်းကျန့်က ရိပေါ်ကားကို တွေ့သည့်နှင့် အိမ်ထဲ မပြေးရုံတမယ် အတင်း၀င်သွား၏။
ခြံတံခါးပိတ်၍ သော့ပါခတ်သွားသည့်ကိုကိုကြောင့် ရိပေါ်မျက်နှာလေး ရှုံ့မဲ့မဲ့ဖြင့် အိမ်ပြန်လာရသည်။
"ဒယ်ဒီရော.."
"သခင်ကြီး ညစာစားပြီးကတည်းက
အလုပ်ခန်းထဲ၀င်သွားပါတယ်...""ok...ရော! ကားသော့သိမ်းထားပေးပါအုံး
ကျွန်တော် ဒယ်ဒီ့ဆီ သွားလိုက်အုံးမယ်"အိမ်တော်ထိန်းလက်ထဲ ကားသော့လှမ်းပစ်လိုက်ပြီး
အပေါ်ထပ်သို့ လူကြီးဆန်ဆန်လျှောက်သွားသည်ရိပေါ်။
ကားသော့ကြီးကိုင်လျှက် ကြောင်တောင်တောင်ဖြစ်နေသည့် အိမ်တော်ထိန်းကြီးက သခင်လေးအား မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ ကြည့်နေခဲ့ပါသည်။မနက်က တစ်အိမ်လုံးဗြောင်းဆန်အောင်
သောင်းကျန်းသွားတာ သူမှ ဟုတ်ပါရဲ့လား။"ဒယ်ဒီရေ....."
"အေး..."
အလုပ်ခန်းထဲတွင် Mac bookထဲ ခေါင်းစိုက်နေသည့် ဒယ်ဒီက သူ့သားအသံကြားတော့ ခေါင်းထောင်ကြည့်လာ၏။
"သား ၀င်လာပြီ..."
"၀င်မလာနဲ့၊မကြိုဆိုဘူး"
ဘုကန့်လန့် ပြန်ပြောနေသော ဒယ်ဒီကြောင့် ရိပေါ် နဲနဲ ကြောင်စီစီ ဖြစ်သွားရသည်။
အိုက်ယား....ဒီနေ့မှ ဘာလို့ စိတ်ကောက်တဲ့လူတွေ များနေရတာလဲ!!
ပြီးတော့ ဘာလို့ စိတ်ကောက်တာက သူ့ကြောင့်ချည်းလဲ။"မ၀င်ခိုင်လဲ ၀င်မှာပဲမို့လား...၀င်လာခဲ့
တံခါး၀မှာ တစ်လစ်လစ်နဲ့ ကျက်သရေတုံးအောင်..."ဟ!
ဒယ်ဒီနှင့် စားပွဲတစ်လုံးသာခြားသော မျက်နှာချင်းဆိုင် ထိုင်ခုံတွင် ၀င်ထိုင်လိုက်သည့် ရိပေါ်ကို အချိန်အတော်ကြာသည်အထိ ဒယ်ဒီက စကားမပြောသေးပါ။
"ဒယ်ဒီ ဘါလုပ်နေတာလဲ"
မကြည့်ကြည့်ဖြင့် ပြန်ကြည့်လာသည့် ဒယ်ဒီ။
YOU ARE READING
🌸MY FIRST LOVE🐇 (Completed)