Unicode
"အားလီ ပိန်သွားတယ်နော်..."
"ဟို...စီနီယာက ဘယ်လိုလုပ်!"
အခုမှ သေချာကြည့်မိသည်။
Ceo နာမည်ကဒ်ပြားတွင် 'ဥက္ကဋ္ဌ ကျင်းဇီရွှမ်း' ဟူသော စာတန်းကြီး။
ဇီရွှမ်းက လက်မှတ်ထိုးရန် ဖောင်တိန်လေးအား ထုတ်ကာ ယန်လီပေးသော စာရွက်များ တစ်ခုချင်းစီ လှန်ကြည့်နေသည်။"အားလီ ဒီမှာ အလုပ်လုပ်နေတာ ဘယ်လောက်ကြာပြီလဲ"
"ဟို ၇နှစ်ရှိပါပြီ Ceo"
"အော်...ဒါနဲ့ နေ့လည်က အားလီ့မောင်လေး ရှောင်ကျန့်နဲ့တွေ့ခဲ့သေးတယ်"
"ဟင်...အငယ်လား"
"ဟုတ်တယ်အားလီ! ဒီမှာ လက်မှတ်ထိုးလို့ ပီးသွားပါပြီ..."
ကမ်းပေးလာသော စာရွက်များအား ယန်လီက လှမ်းယူလိုက်ကာ
"ဟုတ်ကဲ့...Ceo ဒါဆို သွားခွင့်ပြု!"
"ခန!"
ဇီရွှမ်းက ထိုင်နေရာမှ ယန်လီဆီလျှောက်သွားကာ စာရွက်များကိုင်ထားသော ယန်လီ၏ လက်ပေါ် သူ့လက်အား ထပ်ကာ ဆုပ်ကိုင်ထားလိုက်သည်။
"မနက်ဖြန် ည... အားလား"
"ရှင်!
ဟုတ် အားပါတယ်Ceo ဘာဖြစ်လို့လဲမသိဘူး""ဒီမှာလေ... ရုပ်ရှင်ကြည့်ဖို့ အဖော်မရှိလို့
အားလီ တကယ်လို့အားရင် ကိုယ်နဲ့အတူ ရုပ်ရှင်လိုက်ကြည့်ပါလား"ရုပ်ရှင်လက်မှတ်နှစ်စောင်အား အိတ်ကပ်ထဲမှ ထုတ်ပြလာပေမဲ့ ယန်လီတစ်ယောက် ခေါင်းတခါခါ လက်တစ်ခါခါဖြင့် ငြင်းလိုက်ပါသည်။
"အား..အားနာစရာကြီး! ယန်လီ မလိုက်တော့ပါဘူး
အိမ်က ညဘက်တွေ အပြင်မလွှတ်လို့..."ထိုအခါ ဇီရွှမ်းက ခေါင်းငြိမ့်ကာ ယန်လီလက်အား လွှတ်ပေးလိုက်ပြီး
"ဒါဖြင့်.. အိမ်ပြန်ရင် ကိုယ်လိုက်ပို့မယ်လေ
အဲ့တာတော့ရတယ်မို့လား
လမ်းကြုံလို့ပါ""ရ ရပါတယ်
ဒါဆိုသွားခွင့်ပြုပါအုံး"အခန်းထဲမှ လှစ်ခနဲ ထွက်သွားသော ပုံရိပ်လေးအား ကြည့်ကာ ဇီရွှမ်းမျက်နှာတွင် ဝမ်းနည်းရိပ်တို့ ထင်းကျန်ခဲ့သည်။
KAMU SEDANG MEMBACA
🌸MY FIRST LOVE🐇 (Completed)