"ကလေး တို့ရေ တနင်္လာ နေ့ကျောင်းပြန်ဖွင့်ရင်စာမေးပွဲရှိတယ်နော် အဲ့ကျ ကလေးတို့က
မနက်ပိုင်း9နာရီကနေ 9:45ထိ ကျောင်းလာပြီးစာမေးပွဲဖြေရမှာ ကိုးမတ်တင်းတာနဲ့ပြန်ရုံပဲအဲ့ကျကလေးတို့ကဖေဖေတို့မေမေတို့ကို ကိုးမတ်တင်းကျလာကြိုပါလို့သေချာပြောခဲ့ကြနော်...မြန်မာ အင်္ဂလိပ် သင်္ချာ လူမှုရေးဆိုပြီး လေးရက်တိတိလာဖြေရမယ်
လေးရက်လုံးဖြေပြီးရင်ကျောင်းအကြာကြီးပိတ်မှာပျော်ကြရဲ့ လား ""ရေး"
"ပျော်ပါတယ်ချယ်"တီချယ်က စာမေးပွဲအချိန်အကြောင်းမှာ ကာ နွေရာသီကျောင်းပိတ်မည့်အကြောင်းပြောသွားသဖြင့် မီးမီးအပါအဝင် တစ်ခန်းလုံးရှိကလေးများ ပျော်ရွှင်
ညီညွှတ်စွာ တက်တက်ကြွကြွပြန်ဖြေလိုက်ကြသည်...
ဝင်မဖြေပဲ မီးမီးပျော်နေတာကြောင့်ကျေနပ်ကာကြည့်နေသူမှာ မီးမီး၏ချစ်လှစွာသောကိုကိုဒဏ္ဍာ့သခင်ပင်။
မီးမီးတို့ကျောင်းသည်ပထမတန်းတွင် class A နဲ့ class Bဟူ၍ အခန်းနှစ်ခန်းရှိသည်..တစ်ခန်းတွင် လူ30ရှိကာ... ကျား15မ15အတိအကျပင်ဖြစ်သည်
အစိုးရကျောင်းမဟုတ်ပဲ private schoolဖြစ်ကာ
တော်ရုံလူမတတ်နိုင်သည့်RK ကျောင်းပင်
room တစ်roomတွင် roll 2 roll ရှိသည်
ညာဘက်rollသည်ယောကျာ်းလေးrollဖြစ်ပြီး ဘယ်ဘက်rollသည်မိန်းကလေးrollပင်။
စာသင်ခုံတစ်ခုတွင်လူသုံးယောက်ထိုင်ကြရသည်..
မီးမီးသည် ဘယ်ဘက်roll ညာဘက်စွန်းရှိတတိယခုံတွင်ထိုင်ကာကိုကိုကား ညာဘက်rollတတိယမြောက်ခုံဘယ်ဘက်အစွန်းတွင်ထိုင်သဖြင့် မီးမီးနဲ့ကိုကိုထိုင်နေသည့်ပုံမှာကပ်လျက်ဖြစ်ပြီးစကားပြော လို့လည်းအနီးကပ်ဖြစ်သည်"ဒါပေမယ့်စနေ တနင်္ဂနွေမှာတော့စာကောင်းကောင်းလုပ်ခဲ့ကြ ရမယ်နော် စာမလုပ်လို့ စာမေးပွဲမအောင်ပဲ ကျခဲ့ရင်သူငယ်ချင်းတွေကဒုတိယတန်းဖြစ်သွားပြီး စာမကျက်ခဲ့တဲ့ ကလေး တို့ကပထမတန်းလေးတွေပဲဖြစ်နေမှာ..အဲ့လိုဖြစ်ချင်လား"
"မဖြစ်ချင်ပါဘူး"
"သူငယ်ချင်းတွေနဲ့ခွဲချင်ကြ လား"
" မခွဲချင်ပါဘူး..."
"ဒါဆိုဘာလုပ်ရမှာလဲ"
"စာကျက်ခဲ့ရမှာပါ"
YOU ARE READING
as long as you love me
Romance"မီးမီးက ကိုကို့ကိုမလိုက်ပဲ တစ်ခြားရုပ်ချောတဲ့ကောင်လေးကိုပဲရွေးပြီးလိုက်နေတာ" "ကိုကိုက ကိုကိုက ပုန်းနေတော့မီးမီးမှမတွေ့တာ အဲ့တာကြောင့်တွေ့တဲ့သူကိုလိုက်လိုက်ရတာ" "ပုန်းနေရင်လိုက်ရှာလေ လိုက်ရှာရအောင်လို့ပုန်းတာမသိဘူးလားအဲ့တာကိုမရှာတဲ့အပြင် အဲ့ကောင်နော...