"ဒီအတန်းက ဘယ်သူစိစစ်တာလဲ"
ရုတ်တရက် အမိန့်ဆန်ဆန်မေးခွန်းကြောင့် ဝန်ထမ်းများ တုန်လှုပ်ကုန်ကြ၏ အကြောင်းမှာသူတို့ရဲ့ သူဋ္ဌေးမလေးကြောင့်။
သူ့ဖန်ဆင်းရှင်..... အသက်နှစ်ဆယ်ကျော်ဝန်းကျင်မှာ ဘယ်မိဘရဲ့မှ ကျောထောက်နောက်ခံမပါပဲ
pankဆိုတဲ့ ကိုယ်ပိုင် တံဆိပ်နဲ့ အလှကုန်ပစ္စည်းတွေကို နာမည်ကြီးလာအောင်လုပ်နိုင်ခဲ့တဲ့သူ။
Pankကထုတ်တဲ့ပစ္စည်းတွေဆိုလူကြိုက်များတယ်
လူကြိုက်များသည့်တိုင် လူသုံးလည်းများလျက်။
အကြောင်းကား pankတံဆိပ်က သာမန်လူတွေအတွက်ကော rkတွေအတွက်ပါ အစားစားထုတ်လုပ်သောကြောင့်။. နိုင်ငံခြားက နာမည်ကြီး actorတစ်ချို့တောင် pankကိုကြိုတင်အော်ဒါတင်ကြရသည်အထိ နာမည်ရှိတယ်
တစ်ချို့ကတော့ သူ့ဖန်ဆင်းရှင်နောက်မှာ နောက်ခံကောင်းကောင်းရှိလိမ့်မယ်လို့ထင်ကြေးပေးကြပေမယ့် တစ်ချို့ကတော့ သူ့ဖန်ဆင်းရှင်ကို သာမန်လူတန်းစားလေး အရည်အချင်းကြောင့် တတ်လာတာဟုပင်သိထားကြသည်
သူ့ဖန်ဆင်းရှင်ဟူသော မိန်းကလေး၏ဘဝအမှန်ကို ဘယ်သူမှမသိကြ။"သ....သက်ထားပါ။"
အားလုံးကြောက်လန့်ကာ နှုတ်ပိတ်နေကြသည့်ကြားမှ သန့်ရှင်းရေးဝတ်စုံ ဝတ်ထားသောကောင်မလေးတစ်ယောက်သည် ကြောက်ကြောက်လန့်လန့်ဖြင့် မျက်လုံးကိုစုံမှိတ်ကာ ဖြေလိုက်တော့သည်
"သက်ထားကဘယ်သူလဲ"
ပန့် မေးလိုက်ပေမယ့် နာမည်ပိုင်ရှင်ထွက်မလာသလို တစ်ယောက်မှ အဖြေထပ်ပေါ်မလာသောကြောင့် စောနကဝင်ဖြေသော သန့်ရှင်းရေးမလေးအား စိုက်ကြည့်လိုက်သည်။
ထိုအခါထိုကောင်မလေးကြောက်ကာ လက်ညှိုးထိုးပြတော့သည်။"သက်ထားရှေ့ထွက်ခဲ့"
"ဟုတ် မမလေး"
သက်ထား မမ လို့ရိုသေကာခေါ်လိုက်ပေမယ့် သူမရှေ့တွင်ရပ်ကာသူမအား ညှို့ဓာတ်ပြင်းပြင်းစိုက်ကြည့်နေသောသူမရဲ့သူဋ္ဌေးမလေးက ငယ်သည်ကိုသိနေသည်မှာအသေချာ။
"သဘော်သရေနိုင်တယ် သက်ထား
စျေးနှုန်းနဲ့ထားတဲ့ပုံစံတွေလွဲနေတယ် စျေးတူတာတွေကောစျေးကွဲတာတွေကော ဒီလိုရောမထားသင့်ဘူးဆိုတာကို မင်းမသိဘူးလို့တော့မပြောနဲ့နော် "
![](https://img.wattpad.com/cover/314244850-288-k314266.jpg)
YOU ARE READING
as long as you love me
Roman d'amour"မီးမီးက ကိုကို့ကိုမလိုက်ပဲ တစ်ခြားရုပ်ချောတဲ့ကောင်လေးကိုပဲရွေးပြီးလိုက်နေတာ" "ကိုကိုက ကိုကိုက ပုန်းနေတော့မီးမီးမှမတွေ့တာ အဲ့တာကြောင့်တွေ့တဲ့သူကိုလိုက်လိုက်ရတာ" "ပုန်းနေရင်လိုက်ရှာလေ လိုက်ရှာရအောင်လို့ပုန်းတာမသိဘူးလားအဲ့တာကိုမရှာတဲ့အပြင် အဲ့ကောင်နော...