ယောကျ်ားးးး

1.6K 31 14
                                    

"ဆရာဝန်ခေါ်ထားတယ် ခနနေရောက်လာလိမ့်မယ် မင်းအမေ ကိုသြတို့ကို ဆက်သွယ်လိမ့်မယ် စိတ်ပူမနေနဲ့တော့ သူလည်း မသေနိုင်ဘူး မင်းသာအရင်အဝတ်အစားသွားလဲ  "

ပျာယာခပ်ဖြစ်နေသောဒဏ္ဍာ့သခင်ကို စစ်သခင်မကျေနပ်ပါ ပြောတော့မိုးလားကဲလားနဲ့ သူ့ကြည့်တော့အဝတ်အစားတောင်မခြောက်ဘူး သူများသမီးတော့တယ်လည်းစိတ်ပူတတ်သား မွေးရကျိုးနပ်လိုက်တဲ့ဒီကောင်

" မီးမီးအဝတ်တွေ စိုနေတယ် ဒီတိုင်းထားလို့မရဘူး"

" မင်းက လဲပေးချင်သေးတာလား"

"ဖေဖေလဲမပေးနဲ့ "

ဒဏ္ဍာ့သခင်အပြောကြောင့် ဇွန်ရယ်ချင်သွားသဖြင့် ခပ်ကြိတ်ကြိတ်ရယ်လိုက်ရသည်
ဘာတွေဖြစ်နေမှန်းမသိသည့်တိုင် ထိုလူ့ပုံစံလေးက အင်း သဘောတော့သဘောကျစရာလေးမလား

" စောက်ရူးလား မအေပေးလေး ဟိုမှာကြည့်စမ်း ရပ်ကြည့်နေတဲ့သူတွေမြင်သေးလား
မင်းအမေလည်းမိန်းမ ကြီးထားလည်းမိန်းမ ကြီးထားမြေးလည်းမိန်းမပဲ ငါ့မိန်းမတော့လုပ်ခွင့်မပေးနိုင်ဘူး ကျန်တဲ့နှစ်ယောက်လုပ်ပေးလိမ့်မယ် ကြောင်မနေနဲ့ မင်းကိုယ်မင်းသာစိတ်ပူ အဝတ်စားအရင်သွားလဲ အသိစိတ်မရှိတဲ့သူလိုထပ်လုပ်ရင် ငါတကယ်ဆော်မှာနော်သွား"

ဒဏ္ဍာ့အခုမှသာ သူ့ကိုယ်သူဘာပြောလိုက်မိမှန်းသတိဝင်သွားပြီး
ဗီရိုထဲမှ အဝတ်တစ်စုံထုတ်ကာ ရေချိုးခန်းထဲဝင်လိုက်သည်

တကယ်စောက်ရူးပဲ ဘာလို့များအဲ့လိုဖြစ်သွားရတာလဲ

လှည့်မကြည့်တော့ပါဘူး ထပ်မငဲ့တော့ပါဘူး ဂရုမစိုက်တော့ပါဘူး မပက်သက်တော့ပါဘူးဟုအကြိမ်ကြိမ်တင်းထားသောစိတ်တွေသည် ထိုခနအတွင်းဗလာနတ္ထိဖြစ်နေတာလက်ခံပါသည်

သို့သော် ထိုသို့ထပ်ဖြစ်လို့မဖြစ် ဖေဖေပြောသလိုပဲ အသိစိတ်ကပ်ရမယ်ဒဏ္ဍာ့သခင် အဲ့မိန်းမကမင်းငယ်ငယ်ကတည်းကချစ်ခဲ့ရတဲ့မိန်းမပ​ဲမဟုတ်တော့ဘူး
မင်းအမေသိက္ခာကိုလှလှပပကြီးထိပါးပုတ်ခတ်ခဲ့တဲ့မိန်းမ မင်းကိုမုန်းပါတယ် ဆိုပြီး တစ်ခြားကောင်ကိုပြန်နမ်းခဲ့တာတွေကိုမင်းမေ့သွားလို့မရဘူး မရူးစမ်းနဲ့ဒဏ္ဍာ့သခင်
သူသေသွားမယ်ဆိုရင်တောင် မင်းကဘာမှလုပ်ပေးစရာမလိုဘူး ဒီတိုင်းလက်ပိုက်ကြည့်နေရင်ရပြီ
....

You've reached the end of published parts.

⏰ Last updated: Jan 29 ⏰

Add this story to your Library to get notified about new parts!

as long as you love meWhere stories live. Discover now